close

ဗုံးပေါက်ကွဲမှု ၂ ကြိမ်

close

June 4, 2021

တန့်ဆည်မြို့တွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ် ၊ လူ ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့မှာ ဇွန်လ ၄ ရက် ဒီမနက်က ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ပြည်သူ တစ်ယောက် ဒဏ်ရာရရှိသွားပါတယ်။

ဒီမနက်  ၆ နာရီလောက်က မြို့လယ်လမ်းဆုံအရှေ့ဘက်က သီရိကျော် လက်ဖက်ရည်ဆိုင်မှာ  ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ပွားပြီး မနက် ၇ နာရီလောက်မှာ နောက်တကြိမ်ထပ်ပြီး ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။

မြို့ခံတစ်ဦးက “ မနက် ၆ နာရီလောက်မှာပေါ့ မြို့လယ် ဗိုလ်ချုပ်ကြေးရုပ်အဝိုင်းလမ်းဆုံရဲ့အရှေ့ဘက်  လက်ဖက်ရည်ဆိုင်မှာဖြစ်တာ လူရှင်းချိန်မှာ ပေါက်ကွဲတာဆိုတော့ တစ်ဦးတော့ ဒဏ်ရာရတယ်ပြောတယ်။ နောက်ထပ် ၇ နာရီလောက်မှာ ထပ်ပြီး ပေါက်ကွဲတယ်ထိခိုက်မှု တော့မရှိဘူး” လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့တွေက လာရောက်စစ်ဆေးနေပါတယ်။ တန့်ဆည်မြို့ပေါ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း  မြို့နယ်ပညာရေးမှူးရုံးအပါအဝင် ၅ ကြိမ်ထက်မနည်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

55 seconds Ago
Up