close

ဗုံးများဆက်တိုက်ပေါက်

close

September 25, 2021

အင်းစိန်အကျဉ်းထောင်အနီးတဝိုက် ဗုံးများဆက်တိုက်ပေါက်ကွဲ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်အကျဉ်းထောင်အနီးတဝိုက် ရွာမဘက်ခြမ်းမှာ စက်တင်ဘာ ၂၅ ရက် ဒီနေ့မနက်ပိုင်းက ဗုံး ၄ လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက  ပြောပါတယ်။

ဒီမနက် ၈ နာရီလောက်က ပထမဗုံးပေါက်ပြီးနောက် ၅ မိနစ်လောက်အကြာမှာ ဗုံး ၃ လုံး ဆက်တိုက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

အင်းစိန်ပေါက်တောဝဒေသခံတဦးက “အနောက်ဘက် ရွာမ၊ ရွာမ မင်းစေတီတဝိုက် ထောင်အနီးတဝိုက်ပေါ့။ မနက် ၇ နာရီ ၃၈ မိနစ်မှာ ပထမတလုံးပေါက်တယ်၊ နောက် ၅ မိနစ်လောက်ကျ ၃ လုံး ဆက်တိုက်ပေါက်တယ်။ ထိခိုက်ဒဏ်ရာရသူ ရှိမရှိတော့ မသိရဘူး။”လို့ ပြောပါတယ်။

ဗုံးကွဲတဲ့နေရာဟာ ဘုရင့်နောင်လမ်းမပေါ်နဲ့ အကျဉ်းဦးစီးဌာန ဝန်ထမ်းအိမ်ရာအနီးမှာဖြစ်ပြီး ဝန်ထမ်းတွေနဲ့ တခြားသူတွေ ထိခိုက်တဲ့ အခြေအနေကိုတော့ မသိရပါဘူး။

“ဘုရင့်နောင် လမ်းပေါ်မှာ ပေါက်တယ်။ ဝန်ထမ်းအိမ်ရာနားမှာ မပေါက်သေးတဲ့ဗုံးကို စစ်တပ်က သွားရှင်းတော့ ဗုံး ၄ လုံးပေါက်တယ်။ လူတွေထိ မထိကတော့ မသိရဘူး” လို့ အင်းစိန်ဒေသခံ တယောက်က ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေက အင်းစိန် ပေါက်တောဝကနေ ရွာမဘက်တကြောလုံးကို လမ်းပိတ်ဆို့လိုက်ပါတယ်။

“မနက် ၈ နာရီကျော်လောက်က စပိတ်တာပဲ။ ပေါက်တောဝ မီးပွိုင့်ကနေ ရွာမဘက်အထိ။  စစ်ဆေးတာတွေ ဘာတွေတော့ မရှိဘူး၊ အကုန်လုံး ရွာမဘက်တက်တဲ့ ကားတွေအကအစ သွားခွင့်မပြုတော့တာ။ ၁၀ နာရီလောက်မှ ပြန်ဖွင့်တယ်။”

ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာနဲ့  ဖမ်းဆီးခံရတာ ရှိမရှိတော့ မသိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။  အင်းစိန်ထောင်ရှေ့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက် ညကလည်း ဗုံး ၃ လုံး ပေါက်ခဲ့ပါသေးတယ်။ 

အလားတူ သာကေတမြို့နယ်  မြင်တော်သာလမ်းပေါ်က မီတာရုံးမှာလည်း ဒီနေ့ညနေ ၃ နာရီလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သလို ညနေ ၅ နာရီလောက်မှာလည်း ပေါက်ကွဲသံ ထပ်ကြားရတယ်လို့  ဒေသခံတဦးက ပြောပါတယ်။ ပေါက်ကွဲမှုတွေကြောင့် ထိခိုက်ဒဏ်ရာရမှု အခြေအနေကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် သာကေတအဝိုင်းထိပ်မှာလည်း စစ်ကောင်စီတပ်က ဆိုင်ကယ်တွေ တားဆီး စစ်ဆေးတာပြုလုပ်နေတယ်လို့ မြို့ခံက ပြောပါတယ်။

ရန်ကုန် စမ်းချောင်းမြို့နယ် မြေနီကုန်း ခုံးကျော်တံတားအနားမှ ဒီမနက် အစောပိုင်း ၂ နာရီလောက်က ပေါက်ကွဲမှုနဲ့ ပစ်ခတ်သံတွေကြားရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ လူငယ်တချို့ သေဆုံးတယ်လို့ သိရပေမဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

3 mins Ago

May 27, 2021

သာကေတတွင် ရပ်ကွက်ရာအိမ်မှူးဟောင်းပစ်သတ်ခံရပြီး ဗုံးများဆက်တိုက်ပေါက်ကွဲ

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ မာန်ပြေရပ်ကွက်၊ လမ်း (၂၀) မှာ မတ်လ ၂၇ ရက်  ဒီကနေ့  မနက်ပိုင်းက အမည်မသိသေနတ်သမားတွေက  ရပ်ကွက်ရာအိမ်မှူးဟောင်း ဦးဘုန်းငွေကို သေနတ်နဲ့ ပစ်သတ် ထွက်ပြေးသွားပါတယ်။

ဒီမနက် ၈ နာရီလောက်က  ရပ်ကွက်ရာအိမ်မှူးဟောင်း ဦးဘုန်းငွေကို သူ့အိမ်ရှေ့မှာတင် ဆိုင်ကယ်နဲ့လာပြီး ပစ်သတ်သွားခဲ့တာလို့ ဆိုပါတယ်။ သေနတ်သမားတွေက ပစ်ခတ်ပြီးတဲ့နောက် အိမ်ရှေ့မှာပဲ ထပ်မံပြီး ဗုံးနှစ်လုံးဖောက်ခွဲထွက်ပြေးသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုသေဆုံးခဲ့သူ ဦးဘုန်းငွေဟာ ရပ်ကွက်ထဲမှာ ဒလန်လို့ အမည်ထွက်နေသူလို့ လူအများအကြား ဝေဖန်နေကြပါတယ်။

ဒီအဖြစ်အပျက်နဲ့အတူ အနီးအနားပတ်ဝန်းကျင်မှာ ဗုံးတွေဆက်တိုက်ပေါက်ကွဲခဲ့ပါတယ်။ ရာအိမ်မှူးအိမ်အနီးပေါက်ကွဲသလို ၃ ဈေးအမှိုက်ပုံ၊ အမှတ် ၁ ရဲစခန်းအနီးအမှိုက်ပုံ၊ ၄ ရပ်ကွက် အမှိုက်ပုံ၊ ဒေါပုံ navy တန်းလျားအနီး၊ ၉ ရပ်ကွက် စတဲ့နေရာတွေမှာ ဗုံးဆက်တိုက်ပေါက်ခဲ့တာပါ။

သာကေတမြို့နယ်မှာ မကြာသေးခင်ကလည်း  အမှတ် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး အသတ်ခံခဲ့ရပါသေးတယ်။

4 months Ago
Up