close

ဗုံး၅လုံး

close

April 26, 2022

ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ဗုံး ၅ လုံးဆက်တိုက်ပေါက်ကွဲ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှာ  ဧပြီ ၂၆ ရက် ဒီညပိုင်းက ဗုံး ၅ လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပါတယ်။

မဝတရုံးနားက စစ်ဆေးရေးဂိတ်နားမှာ ည ၇ နာရီခွဲလောက်က ပေါက်ကွဲခဲ့တာဖြစ်ပြီး အားပြင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ တဦးက “အသံကြားတာတော့ မဝတရုံးဘက်က အဲ့ဘက်က စစ်ဆေးရေး ဂိတ်ဘက်မှာဖြစ်ဖို့များတယ်။ ပြင်းအားကတော့ တော်တော်များတယ်။ ထိခိုက်မှုရှိပုံပဲ ဆေးရုံကားတွေလည်း သွားတယ်''လို့ ပြောပါတယ်။ 

ဗုံးပေါက်ကွဲပြီးနောက်ပိုင်း မီးတွေပြတ်သွားပြီး လူနာတင်ကားတွေ ဖြတ်သွားတာတွေ့လိုက်ရတယ်လို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာ သတင်းမထုတ်ပြန်သေးသလို ထိခိုက်သေဆုံးမှုအခြေအနေတွေကိုလည်း အတည်ကျမသိရသေးပါဘူး။

ရန်ကုန်မှာ မနေ့ကလည်း ဗိုလ်ချုပ်ဈေး အနောက်နဲ့ ဗဟန်းမြို့နယ်တွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ 

55 mins Ago
Up