close

ဗုံး ထပ်မံဖောက်ခွဲခံရ

close

November 30, 2021

ရေးမြို့ သီရိမာလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံး ထပ်မံဖောက်ခွဲခံရ

မွန်ပြည်နယ် ရေးမြို့ သီရိမာလာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နိုဝင်ဘာ ၃၀ ရက်နေ့ ညသန်းခေါင်ယံအချိန်က ဗုံး ထပ်မံဖောက်ခွဲခံရတယ်လို့  မြို့ခံတဦးက ပြောပါတယ်။

“ဗုံးရဲ့ ပေါက်သံက လူတွေ အိပ်ချိန်ဆိုတော့ ပိုပြီး ကျယ်လောင်တယ်။ ရုံးက ပိတ်ထားတော့ လူထိခိုက်မှုမရှိပေမဲ့ ဗုံးဖေါက်သံဘဲ အခုရက်တွေမှာ ဆက်တိုက်ကြားနေရတာ။ လူတွေရဲ့ စိတ်တွေဟာ စိုးရိမ်ခြောက်ခြားပြီး နေ့စဉ်နဲ့အမျှ နေရတယ်။” 

နိုဝင်ဘာ ၂၉ ရက်နေ့မနက်ကလည်း ရေးမြို့ သီရိမာလာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးဖောက်ခွဲခံရပြီး ထိခိုက်ဒဏ်ရာရသူမရှိဘဲ ရုံးအဆောက်အဦ အနည်းငယ်ပျက်စီးခဲ့ပါတယ်။

အခုလို ဗုံးဖေါက်ကွဲမှုတွေ ဖြစ်ပြီးတိုင်း လုံခြုံရေးယူရတဲ့ စစ်ကောင်စီတပ်တွေက သေနတ်ပစ်ခတ်တာတွေလည်း ပြုလုပ်နေတာကြောင့် ဒေသခံတွ် နေ့စဉ် စိုးရိမ်ထိတ်လန့် နေကြတယ်လို့ ဆိုပါတယ်။

သီရိမာလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးနားမှာ  မြို့နယ်စုပေါင်းရုံး ရဲစခန်းရှိပြီး လုံခြုံရေးယူထားတဲ့ နေရာလည်းဖြစ်ပါတယ်။

နိုဝင်ဘာလအတွင်း ရေးမြို့နယ်မှာ အနည်းဆုံး ဗုံး ၄ ကြိမ်လောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိပေမဲ့ ဗုံးဖောက်ကွဲခဲ့တဲ့ ဖြစ်စဉ်တွေတော့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တာမျိုး ဒီနေ့အထိ ထုတ်ပြန်ကြေညာတာမျိုး မရှိသေးပါဘူး။

5 mins Ago
Up