close

ဗုံး ၂ လုံးဆင့်ပေါက်ကွဲ

close

April 16, 2022

ဖျာပုံမြို့ ဗဟိုမဏ္ဍပ်အနီး ဗုံး ၂ လုံးဆင့်ပေါက်ကွဲ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ မနက်ပိုင်းက ဗုံး ၂ လုံး ဆင့်ပေါက်ကွဲခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဖျာပုံမြို့နယ်စည်ပင်ရုံးနားမှာ မနက် ၇ နာရီ ၄၀ လောက်က  ဗုံး‌ ၁ လုံးပေါက်ကွဲခဲ့ပြီး ဗဟိုမဏ္ဍပ် ရွှေရတုခန်းမနဲ့ တရားရုံးကြားမှာ နောက်ထပ် ဗုံး ၁ လုံးပေါက်ကွဲခဲ့တာဖြစ်ပြီး လူတွေတော့ ထိခိုက် ဒဏ်ရာရတာ မရှိပါဘူး။

ဒေသခံတဦးက “ ဗုံးက နှစ်လုံးဆင့်ပေါက်တာ ၂ မိနစ်လောက်ပဲကွာမယ်။ ဧရာဗေဒါအဖွဲ့ကတော့ ထုတ်ပြန်ထားတာ ပြည်သူတွေထိမှာဆိုးလို့ အစောပိုင်းဖောက်တာလို့ ပြောတယ်။ အသိပေးတဲ့အနေနဲ့ လုပ်တဲ့သဘောပေါ့။ ပြည်သူတွေ ထိတာ တော့ မရှိဘူး”လို့ ပြောပါတယ်။

ပြည်သူတွေကို ထိခိုက်မှာစိုးရိမ်လို့  မနက်အစောပိုင်း ဗုံးခွဲသတိပေးတာဖြစ်ပြီး နေ့လယ်ပိုင်းနဲ့ ညနေပိုင်းမှာလည်း ဆက်လက်လုပ်ဆောင်သွားဖို့ရှိတယ်လို့ ဧရာဗေဒါအဖွဲ့ကထုတ်ပြန်ထား ပါတယ်။

ဗုံးပေါက်ကွဲပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက လမ်းတွေပိတ်ဆို့ပြီး စစ်ဆေးနေပါတယ်။

ဧရာဝတီတိုင်း မအူပင်မြို့နဲ့ ကျောင်းကုန်းမြို့တို့မှာလည်း စစ်ကောင်စီရေကစားမဏ္ဍပ်တွေအနား မနေ့က ဗုံးပေါက်မှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

2 mins Ago
Up