ရုရှားသမ္မတပူတင်က ယူကရိန်းတပ်တွေကို ကူညီတိုက်ခိုက်ပေးမယ့် ဗော်လန်တီယာ စစ်သားတွေကို လက်ခံခွင့်ပြုမှာဖြစ်ကြောင်းနဲ့ သိမ်းဆည်းရမိတဲ့ အနောက်ဒုံးကျည်လက်နက်တွေကို ရုရှားကျောထောက်နောက်ခံပြု သူပုန်ဖိုက်တာတွေဆီ လွှဲပြောင်းပေးမယ်လို့ ပြောပါတယ်။
မတ် ၁၁ ရက်နေ့ ရုရှားလုံခြုံရေးကောင်စီ အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီး ဆာဂေး ရှိုဂူ က အမေရိကန်လုပ် တင့်ကားဖျက်လက်နက် Javelin နဲ့ Stinger စတာတွေကို လူ့ဟန်းဒေသနဲ့ ဒိုးနက်စ်ဒေသမှ ဖိုက်တာတွေလက်ထဲ လွှဲပေးသင့်တယ်ဆိုတဲ့ တင်ပြချက်ကို ပူတင်က လက်ခံ ပြောဆိုခဲ့တာပါ။
ပူတင်က “ရုရှားကျောထောက်နောက်ခံပေးထားတဲ့ အင်အားစုတွေနဲ့အတူ ဗော်လန်တီယာ တိုက်ခိုက်လိုသူမှန်သမျှ ခွင့်ပြုသွားမယ်၊ အထူးသဖြင့် အရှေ့အလယ်ပိုင်းမှ ဗော်လန်ဒီယာစစ်သား ၁၆၀၀၀ ရုရှားနဲ့ ပူးပေါင်းတိုက်ခိုက်ပေးဖို့ အသင့်ရှိနေတယ်” လို့ ပြောခဲ့ပါတယ်။