close

ဗျူဟာကုန်း

close

February 11, 2023

ရဟတ်ယာဉ်တစီး ဖားကန့် ဗျူဟာကုန်းပေါ် လက်နက်သေတ္တာများ လာချ

ဖားကန့်မြို့ စစ်ကောင်စီဗျူဟာကုန်းပေါ်ကို ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ နေ့လည် ၂ နာရီ ၄၅ မိနစ်လောက် စစ်ရဟတ်ယာဥ်တစီး ဆင်းသက်ခဲ့ပြီး လက်နက်သေတ္တာတွေ လာချသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ချသွားတာတော့ သေတ္တာလိုက်ချသွားတာ။ မကြာဘူး အရမ်းမြန်တယ်။ ၅ မိနစ် တစင်းပဲ လာချသွားတာ။ ဗျူဟာကုန်းမှာ အဲလိုလာချသွားပြီးရင်တော့ နေ့တိုင်းနီးပါး လက်နက်ကြီးသံတွေ ကြားရတော့မှာ။ ဒါမှ မဟုတ်ရင်လည်း တိုက်ပွဲတွေဖြစ်ရင် လက်နက်ကြီးတွေနဲ့ ကူပစ်ပေးနေတာ။"

စစ်ကောင်စီက စစ်ရဟတ်ယာဥ်နဲ့ လက်နက်တွေ လာချပြီးနောက်ပိုင်းမှာ ဖားကန့်မြို့ ဗျူဟာကုန်းပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေကို နေ့တိုင်းနီးပါးကြားရတယ်လို့ ဆိုပါတယ်။

လတ်တလောမှာလည်း ဖားကန့်မြို့ပေါ်မှာ စစ်ကောင်စီဘက်က လုံခြုံရေးတင်းကြပ်ထားသလို အချိန်မရွေး နေရာမရွေး စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂၂ ရက်နေ့က ဖားကန့် လုံးခင်းရပ်ကွက်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီ စစ်သားတွေက လူငယ် ၂ ဦးကို ပစ်သတ်ခဲ့သလို အကြောင်းမဲ့ ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူ ၈၀ ကျော်ထက်မနည်းရှိလာပြီလို့ ဖားကန့် တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက အခုလို လုံခြုံရေးတင်းကြပ်လာတာက ဖားကန့်မြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေ မကြာခဏ တိုက်ခိုက်ခံရတာကြောင့် ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ပါတယ်။

စစ်ကောင်စီက တဖက်သတ်အပစ်ရပ်တယ်ဆိုပြီး ၂၀၂၃ ခုနှစ် တနှစ်တာ အပစ်ရပ်ကြေညာခဲ့ပေမယ့် နိုင်ငံအနှံ့မှာ စစ်ကြောင်းထိုးတာတွေကတော့ ဆက်လက်လုပ်ဆောင်နေသလို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ထိတွေ့ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတာပါ။

4 mins Ago

January 11, 2023

ဖားကန့် ဗျူဟာကုန်းပေါ် စစ်ရဟတ်ယာဥ်ဖြင့် လက်နက်ခဲယမ်းများလာချ (ရုပ်သံ )

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဗျူဟာကုန်းပေါ်ကို ဇန်နဝါရီ ၁၀ ရက် ညနေပိုင်းက စစ်ရဟတ်ယာဥ် တစ်စင်း ဆင်းသက်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ခဲယမ်းတွေလာ ချသွားခဲ့တယ်လို့ မျက်မြင်ဒေသခံက ပြောပါတယ်။

“အချိန်က ၂ နာရီလောက်ကပဲ။ စစ်ရဟတ်ယာဥ်တစ်စင်းပဲလာတာ။ အရင်တုန်းကတော့ နှစ်စင်းလာ တတ်တယ်။ ၁၀ မိနစ်လောက်ဆင်းပြီး လက်နက်ခဲယမ်းတွေ ချသွားတာ။ ဒီတစ်ခေါက်တော့ စစ်သားတွေ မချတေ့ာဘူး။ လက်နက်လာချသွားပြီဆိုတော့ လက်နက်ကြီးပစ်သံတွေ ကြားရတော့မယ်။ သူတို့က လက်နက်ကြီးနဲ့ ရမ်းသန်း ပစ်နေကျပဲလေ။ ပြီးရင် ပြည်သူတွေပဲ ထိခိုက်ဦးမယ်။”

စစ်ကောင်စီက ဖားကန့်မြို့ ဗျူဟာကုန်းပေါ်ကို လတိုင်းနီးပါး စစ်ရဟတ်ယာဥ်နဲ့ လက်နက်အင်အား လူအင်အား လာချလေ့ရှိတယ်လို့ ဒေသခံတွေက သိရပါတယ်။

ဖားကန့်မြို့နယ်မှာ စစ်ကောင်စီက နေ့တိုင်းနီးပါး လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ရှိပြီး ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာကြောင့်လည်း ဒေသခံပြည်သူတွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၉ ရက်က တာမခံရွာ ၁၀ မိုင်ကုန်းအနီးရှိ ကေအိုင်အေ တပ်ရင်း ၃၁ နယ်မြေကို ဂျက်လေယာဥ်နဲ့ တိုက်ခိုက်ခဲ့သလို အဆိုပါနေ့ ည ၆ နာရီကလည်း ဟူးကောင်းချိုင့်ဝှမ်းဒေသ ကေအိုင်အေ တပ်မဟာ ၂ ဌာနချုပ်မှာ ဂျက်လေယာဥ် ၃ စီးနဲ့ ၃ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

1 month Ago
Up