close

ဗျူဟာလမ်းမကြီး

close

November 6, 2022

မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းမကြီးပေါ်ရှိ အင်းတော်မြို့နယ်လမ်းပိုင်း ယာယီပိတ်

မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းမကြီးပေါ်ရှိ ကျောင်းကုန်း၊ အင်းတော်၊ မော်လူး၊ ကသာ လမ်းပိုင်းကို ည ၆ နာရီ မှ မနက် ၆ နာရီ အတွင်း ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့ နိုဝင် ၅ ရက်နေ့ မနက်ပိုင်းမှာ Indaw Revolution-IR အဖွဲ့က ထုတ်ပြန်ပါတယ်။

"မည်သည့် ယာဉ်အမျိုးအစားမဆို လုံးဝ(လုံးဝ) ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့နဲ့ မည်သည့်ကားများမဆို မိုးကာအုပ်မောင်းခြင်းများကို လုံးဝ(လုံးဝ)မပြုလုပ်ကြပါရန် အလေးအနက် တားမြစ်ပါတယ်" လို့ Indaw Revolution-IR အဖွဲ့ဝင်တာဝန်ရှိသူတဦးက ပြောပါတယ်။

ထုတ်ပြန်ချက်ကို မလိုက်နာပါက ဖြစ်ပွားလာတဲ့ ကိစ္စအဝဝကို လုံးဝတာဝန်မယူကြောင်း ရေးသားထုတ်ပြန်ထားပါတယ်။

အင်တာနက်လိုင်းရတဲ့ ပြည်သူတွေက လိုင်းမရတဲ့သူတွေတွေကို ဖုန်းနဲ့ဖြစ်‌စေ တခြားနည်းနဲ့ဖြစ်စေပြန်လည်အသိပေးကြဖို့နဲ့ နောက်ထပ် ကြေညာချက် မထုတ်သရွေ့ အသက်ဝင်နေမှာဖြစ်ကြောင်း IR အဖွဲ့က ရေးသားထုတ်ပြန်ထားပါတယ်။

3 hours Ago
Up