မန်ယူအသင်းက အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာ ဗြိတိန်နိုင်ငံရဲ့ MBE ဆုတံဆိပ်ကို လက်ခံရယူခဲ့ပါတယ်။
Most Excellent Order of the British Empire (MBE) ဆုတံဆိပ်ကို ဗြိတိန်တော်ဝင်မင်းသား ဝီလျံ ကိုယ်တိုင် ရပ်ရှ်ဖို့ဒ်ကို ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ် ရပ်ရှ်ဖို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလအတွင်း ဗြိတိန်တဝန်းရှိ ကလေးသူငယ်တွေကို အစားအသောက်တွေ ကျွေးမွေးနိုင်ဖို့နဲ့ အခြားလူမှုရေးလုပ်ငန်းများစွာကို ကူညီလုပ်ကိုင်ပေးခဲ့တဲ့အတွက် အခုလို MBE ဆုကို ချီးမြှင့်ခံရတာပါ။
ဒီဆုကို အင်္ဂလန်လက်ရွေးစင် ဘောလုံးကစားသမားနှစ်ဦးဖြစ်တဲ့ စတာလင်နဲ့ ဟန်ဒါဆန်တို့လည်း ရရှိခဲ့ဖူးတယ်လို့ သိရပါတယ်။