close

ဗြိတိန်တော်ဝင်မင်းသား

close

May 11, 2023

ဗြိတိန်တော်ဝင်မင်းသားဟယ်ရီက Daily Mirror သတင်းစာကို စွဲထားသည့်အမှု ကြားနာမည်

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီရဲ့ဖုန်းကို ဖောက်ထွင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ Daily Mirror သတင်းစာထုတ်ဝေသူကို တရားစွဲဆိုမှုအပေါ် လန်ဒန်တရားရုံးချုပ်မှာ စတင်ကြားနာဖို့ စီစဉ်ထားပါတယ်။

ဆပ်ခ်ဆက်စ်မြို့စား ဟယ်ရီ တရားစွဲထားတဲ့အဆိုပါ အမှုကြားနာမယ့် ရုံးချိန်းဟာ သီတင်းပတ် ၆ ပတ်မှ ၈ ပတ်ကြား ကြာမြင့်မှာဖြစ်ပါတယ်။

မင်းသားဟယ်ရီနဲ့ သူ့ဇနီး မက်ဂန်တို့ဟာ ကိုယ်ရေးကိုယ်တာ ချိုးဖောက်မှုတွေ၊ ဥပဒေမဲ့လုပ်ရပ်တွေနဲ့ သူနဲ့သူ့မိသားစုအကြောင်း မမှန်မကန်သတင်းတွေ ဖော်ပြတာတွေအတွက် တာဝန်ယူပေးဖို့ ဆိုပြီး ဗြိတိန်နဲ့ အမေရိကန် မီဒီယာအဖွဲ့အစည်းတွေကို ၂၀၁၉ ခုနှစ်ကတည်းက အနည်းဆုံး တရားစွဲဆိုမှု ၇ ခုရှိခဲ့ပါတယ်။

ဗြိတိန်ပြည့်ရှင် ချားလ်စ်ဘုရင်ရဲ့ သားအငယ် ဟယ်ရီနဲ့ သူ့ဇနီး အမေရိကန်သရုပ်ဆောင်ဟောင်း မက်ဂန်မာကဲလ်တို့ဟာ တော်ဝင်တာဝန်တွေကနေ နုတ်ထွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ ကယ်လီဖိုးနီးယားကို ပြောင်းရွှေ့ရတဲ့ အကြောင်းရင်းတခုဟာ မီဒီယာတွေ စည်းမစောင့်မှုကြောင့်လို့ အခိုင်အမာ ပြောထားပါတယ်။ 

11 mins Ago

January 6, 2023

ဗြိတိန်တော်ဝင်မင်းသား ၂ ဦး၏ ရန်ပွဲအကြောင်း သည်ဂါးဒီးယန်း သတင်းစာထုတ်ဖော်ရေးသား

ဗြိတိန်ရဲ့ မင်းသားဟယ်ရီဟာ သူ့ရဲ့အမေရိကန်ဇနီး မက်ဂန်နဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်က ဖြစ်ခဲ့တဲ့ရန်ပွဲအတွင်း အစ်ကိုဖြစ်သူ အိမ်ရှေ့စံမင်းသား ဝီလျံက သူ့ကို ကြမ်းပြင်မှာ လှဲချခဲ့တဲ့အကြောင်း ထုတ်ပြောထားတဲ့ဖြစ်ရပ်အကြောင်းကို သည်ဂါးဒီးယန်း သတင်းစာက ဇန်နဝါရီ ၄ ရက်မှာ ဖော်ပြပါတယ်။

ချားလ်စ်ဘုရင်ရဲ့ သားတော်တွေဖြစ်တဲ့ တော်ဝင်မင်းသား ညီနောင်အကြားက ရန်ဖြစ်မှု အကြောင်းကို ဇန်နဝါရီ ၁၀ ရက်မှာ ထုတ်ဝေမယ့် ဟယ်ရီရဲ့ Spare စာအုပ်မှာ အသေးစိတ် ဖော်ပြထားတယ်လို့ သည်ဂါးဒီးယန်းက ဆိုပါတယ်။ 

လုံခြုံရေး တင်းကျပ်ထားပေမယ့် ပေါက်ကြားနေတဲ့ မိတ္တူတစ်စောင်ကို ရရှိထားတယ်လို့လည်း ဆိုပါတယ်။ 

ဂါးဒီးယန်းရဲ့အဆိုအရ ၂၀၁၉ ခုနှစ်က ဟယ်ရီရဲ့ လန်ဒန်နေအိမ်မှာ အငြင်းပွားမှုဖြစ်ပွားခဲ့ပြီး ဝီလျံက မက်ဂန်ကို ခက်ခဲတယ်၊ ရိုင်းစိုင်းတယ်၊ ကြမ်းတမ်းတယ်လို့ သုံးနှုန်းခဲ့ကြောင်းနဲ့ သူ့ကိုလည်း ကော်လာကနေ ကိုင်ပြီး ဆွဲကြိုးကို ဆွဲဖြုတ်ပြီးတော့ ကြမ်းပြင်ကို လှဲချလိုက်တာကြောင့် သူ့ကျောအောက်မှာ ခွေးစာခွက်တောင် ကွဲသွားတယ်လို့ ဟယ်ရီက ရေးသားခဲ့ကြောင်း သတင်းစာက ရေးပါတယ်။ 

သည်ဂါးဒီးယန်းသတင်းစာရဲ့ရေးသားချက်အပေါ် ချားလ်စ်ဘုရင်နဲ့ မင်းသားဝီလျံတို့ရဲ့ ပြောရေး ဆိုခွင့် ရှိသူတွေက မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ 

တော်ဝင်မင်းသား နှစ်ယောက်ကြားက ရန်ပွဲအကြောင်း မှတ်တမ်းနဲ့ပတ်သက်ပြီး ဇန်နဝါရီ ၅ ရက် က လန်ဒန်မြို့ခံတွေဟာ ဟယ်ရီဘက်ကို စာနာမှု အနည်းငယ် ပြခဲ့ကြပါတယ်။ 

ညီအစ်ကိုတွေ တချိန်လုံး ရန်ဖြစ်နေတာမျိုး ရှိနိုင်ပြီး ဒီထဲမှာ အမှန်​တရား​တွေလည်း ရှိနိုင်ပေမဲ့ သူပြောသလောက်တော့ ဆိုးမယ်မထင်ပါဘူးလို့ အသက်​ ၅၁ နှစ်အရွယ် အိုင်တီမန်နေဂျာ ခရစ္စ် ဘန်းနက်က ​ပြောပါတယ်။ 

ဟယ်ရီနဲ့ မက်ဂန်တို့က သူတို့ရဲ့အရှုပ်ထုပ်တွေ၊ မိသားစုအရှုပ်တော်ပုံတွေကို လူတွေကြား ချပြ လိုက်ရင် ပေါင် သန်းဆယ်နဲ့ချီပြီး ရတာမို့လို့ ဒါကို ဘယ်သူအမှန်သိမှာလည်းလို့ ပြောပါတယ်။

ဟယ်ရီဟာ မေလမှာ ဖခင်ဖြစ်သူရဲ့ နန်းတက်ပွဲကို တက်ရောက်ဖို့ ကတိမပြုနိုင်ကြောင်း ပြောကြားထားတဲ့ သူ့စာအုပ် မထွက်ရှိခင် အင်တာဗျူးထားတဲ့ ဗီဒီယိုဖိုင်ကို အိုင်တီဗီက ထုတ်ပြန်လိုက်တာကြောင့် သည်ဂါးဒီးယန်း မှာ ဒီသတင်း ထွက်ရှိလာတာ ဖြစ်ပါတယ်။  

4 months Ago
Up