close

ဗြိတိန်သံရုံးဝန်ထမ်း

close

August 12, 2021

ရုရှားသူလျှိုဟုဆိုကာ ဗြိတိန်သံရုံးဝန်ထမ်း ၁ ဦးကို ဂျာမန်ရဲဖမ်းဆီးစစ်ဆေးနေ

ဂျာမန်ရဲတွေက မြို့တော်ဘာလင်ရှိ ဗြိတိန်သံရုံးမှာ အလုပ်လုပ်နေတဲ့ ဗြိတိန် အမျိုးသား တယောက်ကို ရုရှားအစိုးရအတွက် သူလျှိုထောက်ပေးမှု သံသယနဲ့ ဖမ်းဆီးလိုက်တယ်လို့  အစိုးရ ရှေ့နေတွေက သြဂုတ် ၁၁ ရက်မှာ ပြောပါတယ်။

ဒေးဗစ်အဲ့စ်လို့ ဖော်ပြထားတဲ့ ဗြိတိန်အမျိုးသားရဲ့ နေတဲ့နေရာနဲ့ အလုပ်လုပ်တဲ့ နေရာတွေကို ရှာဖွေခဲ့ပြီး သူ့ကို မနေ့ညနေက စုံစမ်းစစ်ဆေးမှု ဆိုင်ရာ တရားသူကြီးက စစ်မေးမြန်းတယ်လို့ ဂျာမန်အစိုးရ ရှေ့နေတွေက ပြောပါတယ်။

သူဟာ ငွေအတွက် ရုရှားထောက်လှမ်းရေးဌာနကို စာရွက်စာတမ်းတွေ ပေးခဲ့တဲ့ သံသယနဲ့ ဘာလင်မြို့တော် အပြင်ဘက်က ပို့စ်ဒန်မြို့မှာ အင်္ဂါနေ့က အဖမ်းခံခဲ့ရတာပါ။

သူ့အလုပ်ထဲက လှုပ်ရှားမှုတွေအတွင်း ရတဲ့ စာရွက်စာတမ်းတွေကို ရုရှား ထောက်လှမ်းရေးဌာန ကိုယ်စားလှယ်ဆီပေးခဲ့တယ် စွပ်စွဲခံရသူဟာ သူပေးတဲ့ သတင်း အချက်အလက်အတွက် ပမာဏ မသိရတဲ့ ငွေသားတွေကို လက်ခံရရှိခဲ့တယ်လို့ ပြည်ထောင်စု အစိုးရရှေ့နေချုပ်ရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

သူဟာ အဖမ်းမခံရခင်ကအထိ သံရုံးမှာ ဒေသခံ ဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့တာကြောင့် သူ့ကို ဂျာမနီနဲ့ဗြိတိန်အစိုးရ အာဏာပိုင်တွေက ပူးတွဲစစ်မေးမယ်လို့ အစိုးရ ရှေ့နေက ပြောပါတယ်။

နိုင်ငံခြားသံရုံးမှာ အလုပ်လုပ်တယ်ဆိုပေမယ့် ဒေသခံဝန်ထမ်းအဖြစ် လုပ်ကိုင်သူတွေဟာ သံတမန်ရေး ကင်းလွတ်ခွင့်ကို မခံစားရပါဘူး။ 

17 seconds Ago

November 2, 2019

ဗြိတိန်သံရုံးဝန်ထမ်း အမျိုးသမီးအား အဓမ္မပြုကျင့်သတ်ခဲ့သည့် တက္ကစီဒရိုင်ဘာကို သေဒဏ်ချမှတ်

၂၀၁၇ ခုနှစ်က ဗြိတိန်သံရုံးဝန်ထမ်း အမျိုးသမီးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တဲ့    လက်ဘနွန် အူဘာ တက္ကစီဒရိုင်ဘာကို နိုဝင်ဘာလ ၁ ရက်နေ့မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။    ၂၀၁၇ ခုနှစ်  ဒီဇင်ဘာလတုန်းက လက်ဘနွန်နိုင်ငံရှိ ဗြိတိန်သံရုံးမှာ အလုပ်လုပ်နေတဲ့   ဝန်ထမ်း ရေဗက္ကာဒိုက်ကို အဓမ္မပြုကျင့်ပြီး လည်ပင်းညှစ်သတ်ခဲ့တယ်လို့ အူဘာတက္ကစီဒရိုင်ဘာ  တာရစ်ဟူရှင်က ဝန်ခံခဲ့ပါတယ်။ အမိန့်ချမှတ်ပြီးနောက်မှာ ဟူရှင်ရဲ့ ရှေ့နေဖြစ်သူက တရားရုံးစီရင်ချက်ကို အယူခံဝင်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဗြိတိန်သံရုံးကတော့ တရားရုံးစီရင်ချက်ကို ကြိုဆိုပေမယ့် တဖက်ကလည်း ဗြိတိန်ဟာ ဘယ်အခြေအနေမျိုးမှာမဆို သေဒဏ်ကို ဆက်လက်ဆန့်ကျင်သွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ လက်ဘနွန်နိုင်ငံမှာ များသောအားဖြင့် လူသတ်မှုတွေကို သေဒဏ်ချမှတ်လေ့ရှိပေမယ့်   တရားမဝင် သေဒဏ် ဆိုင်းငံ့တာတွေ ရှိပြီး ၂၀၀၄ ခုနှစ်နောက်ပိုင်း သေဒဏ်ပေးတာ မရှိဘူးလို့  လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တခုက ဆိုပါတယ်။
2 years Ago
Up