close

ဗြိတိန်အချမ်းသာဆုံးပုဂ္ဂိုလ်

close

January 18, 2023

မန်ယူအသင်းကို ဝယ်ယူရန် ဗြိတိန်အချမ်းသာဆုံးပုဂ္ဂိုလ် ဂျင်ရက်ကလစ်ခ် အဆိုပြုထား

မန်ယူနိုက်တက်အသင်းကို ဝယ်ယူဖို့အတွက် ဗြိတိန်မှာ အချမ်းသားဆုံးပုဂ္ဂိုလ်ဖြစ်သူ ဂျင်ရက်ကလစ်ခ်က အဆိုပြုလျှောက်ထားထားတယ်လို့ သိရပါတယ်။

အဲဒီသတင်းကို ရက်ကလစ်ခ်ကိုယ်တိုင် အတည်ပြုထားကြောင်းလည်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

မန်ယူအသင်းကို ရောင်းချသွားမယ်လို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကတည်းက ပိုင်ရှင် ဂလေဇာမိသားစုက ကြေညာခဲ့ပြီး ပေါင် ၅ ဘီလီယံ တန်ကြေးသတ်မှတ်ထားတာပါ။

မန်ယူအသင်းကို ဝယ်ယူဖို့ အမေရိကန်၊ အာရှနဲ့ အရှေ့အလယ်ပိုင်းက လူတွေကလည်း အပြိုင်လျှောက်ထားမှုတွေ ရှိတယ်လို့ သိရပါတယ်။

Forbes မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်အရ ဗြိတိန်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် ဂျင်ရက်ကလစ်ခ်ဟာ ချဲလ်ဆီးအသင်းကို ဝယ်ယူဖို့လည်း စိတ်ဝင်စားခဲ့ဖူးပေမဲ့ အမေရိကန်သူဌေး တော့ဘိုလီက လက်ဦးမှုရယူသွားခဲ့တာပါ။

မန်ယူအသင်းဟာ လက်ရှိအချိန်မှာ ၇ ပွဲဆက်တိုက် နိုင်ပွဲရရှိထားပြီး ချန်ပီယံဆုကို စိန်ခေါ်နိုင်ခဲ့မယ်ဆိုရင် မန်ယူအသင်းရဲ့ ဈေးနူန်းဟာလည်း လိုက်တက်နိုင်တယ်လို့ သိရပါတယ်။

8 mins Ago
Up