close

ဗြိတိသျှ သန်းကြွယ်သူဌေး

close

August 18, 2022

မန်ယူအသင်းကို ဝယ်ယူလိုကြောင်း ဗြိတိသျှ သန်းကြွယ်သူဌေး ရတ်ကလစ်ဖ်ပြော

မန်ယူနိုက်တက်အသင်းကိုဝယ်ယူလိုကြောင်း ဗြိတိသျှသန်းကြွယ်သူဌေး ဆာဂျင်ရတ်ကလစ်ဖ်က အတည်ပြုပြောပါတယ်။

အသက် ၆၉ နှစ်ရှိ သန်းကြွယ်သူဌေး ဂျင်ရတ်ကလစ်ဖ်ဟာ မန်ယူအသင်းပရိသတ်တစ်ဦးဖြစ်ပြီး ပြင်သစ်ကလပ် နိစ်အသင်းနဲ့ ဆွစ်ဇာလန်ကလပ် လော့ဆမ်စပေါ့ အသင်းတွေကိုလည်း ပိုင်ဆိုင်ထားသူပါ။

မန်ယူအသင်းပိုင်ရှင် ဂလေဇာ မိသားစုဝင်တွေအနေနဲ့ အသင်းကို အမှန်တကယ်ရောင်းချမယ်ဆိုရင် ဝယ်ယူဖို့အသင့်ရှိကြောင်း ရတ်ကလစ်ဖ်ရဲ့ ပြောရေး ဆိုခွင့်ရှိသူက The Times သတင်းစာကိုပြောခဲ့တာပါ။

သူဟာ ချဲလ်ဆီးအသင်းကိုလည်း ဝယ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

မန်ယူအသင်းပိုင်ရှင်တွေကတော့ အသင်းရဲ့ အစုရှယ်ယာအနည်းငယ်ကိုပဲ ရောင်းချဖို့ဆန္ဒရှိတယ်လို့ သိရပါတယ်။ လိဂ်ချန်ပီယံအကြိမ် ၂၀ ဖြစ်ခဲ့ဖူးတဲ့ မန်ယူအသင်းဟာ အခုနှစ်ရာသီမှာ ပရီးမီးယားလိဂ် နှစ်ပွဲကစားပြီးချိန် အမှတ်ပေးဇယားအောက်ခြေမှာ အဆင့်၂၀ အထိ ရောက်ရှိနေလို့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ပရိသတ်တွေက လိုလားနေပါတယ်။

1 min Ago
Up