close

ဘက်ကားရွာ

close

July 17, 2021

ကျိုက်ထိုမြို့နယ်တွင် ကေအန်ယူနှင့်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘက်ကားရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကေအန်ယူတို့ တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာ ရရှိတယ်လို့ ကေအန်ယူတပ်မဟာ ၁ နယ်မြေ တပ်မှူးတစ်ဦးက ပြောပါတယ်။

ဇူလိုင် ၁၆ ရက် ညနေ ၃ နာရီလောက်က   စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံ ခလရ ၂ ရဲ့တပ်စခန်းတစ်ခုကို ကေအန်ယူတပ်ဖွဲ့ဝင်တွေက သွားရောက်ပစ်ခတ်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရရှိခဲ့ပါတယ်။ 

ပစ်ခတ်မှုဖြစ်ပွားနောက်  စစ်ကောင်စီတပ်က ပြန်လည်ပြီး လက်နက်ကြီးနဲ့ ရမ်းပစ်ခတ်ခဲ့တဲ့အတွက် ဘက်ကားရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ 

လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၃ နှစ်အရွယ် ယောကျာ်းလေး ကလေးငယ် ၁ ဦး၊ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူသတင်းဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

1 min Ago
Up