ရုရှားစစ်တပ်က ယူကရိန်းနိုင်ငံအရှေ့ဘက်က ဘက်ခ်မွတ်မြို့ကို ဝိုင်းရံသိမ်းပိုက်ဖို့ သီတင်းပတ် တပတ်ကြာအောင် ထိုးစစ်ဆင်နေလို့ လက်နက်ကြီးကျည်တွေဟာ အိမ်နီးချင်း ချာဆိဗ်ယာ မြို့ထဲကို ကျရောက်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်က စူပါမားကက် တခု မီးလောင်ခဲ့ပြီးနောက် မြို့ထဲမှာ ပေါက်ကွဲသံတွေ ဆက်တိုက် ကြားနေရတာပါ။
ဘတ်ခ်မွတ်မြို့ထဲက ယူကရိန်းစစ်တပ်ရဲ့ အသက်၂၅ နှစ်အရွယ် တပ်ဖွဲ့ဝင် တယောက်ကတော့ ယူကရိန်းဟာ ဘတ်ခ်မွတ်မြို့ကို ဖြစ်နိုင်သမျှ အကြာဆုံး ထိန်းသွားမယ်လို့ ပြောပါတယ်။
“ကျနော်တို့ဘတ်ခ်မွတ်ကို မစွန့်လွှတ်ဘူး. ယူကရိန်းအတွက် ဂုဏ်ယူတယ်”လို့ တပ်ဖွဲ့ဝင်က ပြောတယ်။
ယူကရိန်းစစ်ပွဲအတွင်း သွေးချောင်းအစီးဆုံး တိုက်ပွဲတချို့ ဖြစ်နေဆဲ ဘတ်ခ်မွတ်မြို့ကို သိမ်းနိုင်ရင် အချိန် ၆ လကျော် အတွင်း ပထမဆုံး အနေနဲ့ ရုရှားရဲ့ ဆုလာဘ် ဖြစ်လာမှာပါ။
ဒါဟာ ဒွန်းနက်စ်ဒေသတွင်း နောက်ဆုံးလက်ကျန် မြို့ပြကို သိမ်းဖို့ လမ်းပွင့်သွားမှာလည်း ဖြစ်ပါတယ်။