close

ဘက်ရဲ

close

July 9, 2021

ဘက်ရဲမြို့က ရဲစခန်းမှူး ကိုဗစ်ရောဂါကူးစက်ခံထားရ

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့နယ်မြေရဲစခန်းမှူးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့က သိရပါတယ်။

ဘက်ရဲနယ်မြေရဲစခန်းမှူး ရဲအုပ် ပြည့်ဖြိုးမြင့်ကို ဇူလိုင် ၈ ရက်နေ့ စစ်ဆေးချိန်မှာ ရောဂါပိုးတွေ့ရှိခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရဲတဦးက DVB ကိုပြောပါတယ်။

"ဒီနေ့စစ်တော့ တွေ့တာလို့ သိရတယ်၊ တိုင်းကိုသတင်းပို့လာတာတော့ စခန်းက ရဲတပ်ဖွဲ့ဝင်အချို့လည်း ဖျားနေတယ်လို့ ပြောတယ်၊ လောလောဆယ်တော့ စခန်းမှူးက ဆေးရုံမှာ ဆေးကုသမှုခံယူနေပါပြီ'' လို့ ပြောပါတယ်။

ကြံခင်းမြို့မှာ ဇူလိုင်လဆန်းပိုင်းက စတင်ကာ ကိုဗစ်ရောဂါပိုးကူးစက်မှုမြင့်တက်လာသလို ရဲစခန်းကိုလည်း ကူးစက်မှုတားဆီးနိုင်ဖို့ လိုအပ်ရင် လော့ဒေါင်းချသွားဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ကြံခင်းမြို့နယ်မှာ ဇူလိုင်လ ၈ ရက်နေ့ သတင်းထုတ်ပြန်ချက်တွေအရ ပြည်သူတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေအပါဝင် အတည်ပြုလူနာ ၂၆ ဦးထိရှိလာပြီဖြစ်တယ်လို့ ဆိုပါတယ်။

5 mins Ago
Up