close

ဘင်တန်ကာ

close

February 1, 2022

ဂျူဗင်တပ်အသင်းက ဘင်တန်ကာနှင့် ကူလူဆက်စကီးတို့ကို စပါးအသင်းခေါ်ယူစာချုပ်

စပါးအသင်းဟာ အီတလီထိပ်သီးကလပ်ဂျူဗင်တပ်အသင်းက ဘင်တန်ကာနဲ့ ကူလူဆက်စကီးတို့ ၂ ဦးကို ခေါ်ယူစာချုပ်ခဲ့ပါတယ်။ 

ဘာစီလိုနာဆီပြောင်းရွှေ့သွားတဲ့ ထရာအိုရေးနဲ့ လီဗာပူးအသင်းဆီ ပြောင်းရွှေ့သွားတဲ့ လူးဝစ်ဒီယက်ဇ်တို့ကို လက်လွှတ်ခဲ့ရပြီးနောက် ဂျူဗီကစားသမား ၂ ဦးကို အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ခေါ်ယူခဲ့တာပါ။ 

အသက် ၂၄ နှစ်ရှိ ကွင်းလယ်ကစားသမား ရိုဒီရီဂို ဘင်တန်ကာအတွက် စပါးအသင်းက ပေါင်သန်း ၂ဝ ဝန်းကျင် ပေးချေခဲ့ရပြီး ၄ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ 

ဥရုဂွေးလက်ရွေးစင် ဘင်တန်ကာဟာ လီယွန်အသင်းဆီ အငှားချလိုက်တဲ့ အန်ဒွန်ဘီလီရဲ့နေရာ အတွက် အစားထိုးခေါ်ယူခဲ့တာပါ။ 

အသက် ၂၁ နှစ်ရှိတိုက်စစ်ကစားသမား ကူလူဆက်စကီးကိုတော့ ၁၈ လ အငှားစာချုပ်နဲ့ခေါ်ယူခဲ့တာဖြစ်ပြီး  အပြီးသတ်ခေါ်ယူမယ်ဆိုရင် ပေါင်သန်း ၃၀ ပေးချေရမှာပါ။ 

ဆွီဒင် တိုက်စစ်ကစားသမားဟာ ဒီရာသီမှာ ဂျူဗီနဲ့ ပွဲ ၂၀ ကစားထားရာမှာ ၁ ဂိုးသွင်းပြီး ၃ကြိမ် ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ စပါးအသင်းဟာ အန်ဒွန်ဘီလီအပြင် ကွင်းလယ်လူ အယ်လီကိုလည်း အဲဗာတန်အသင်းဆီ အငှားချခဲ့ပါတယ်။

1 min Ago
Up