close

ဘင်္ဂလားဒေ့ရှ်နယ်စပ်

close

April 9, 2022

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၅၅ နှစ်မြောက်နေ့အခမ်းအနား ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ကျင်းပ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ရဲ့ ၅၅ နှစ်မြောက်နေ့ အခမ်းအနားကို ဧပြီ ၉ ရက် ဒီနေ့မနက်က  ALP ဌာနချုပ်အခြေစိုက်ရာ ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ ရခိုင်ပြည်တွင်းကနေရာတွေမှာ ကျင်းပခဲ့တယ်လို့ ALP တာဝန်ရှိသူတဦးက  ပြောပါတယ်။

အခမ်းအနားကို ALP ပါတီဝင်တွေ၊ ပါတီအားထောက်ခံအားပေးသူတွေနဲ့ အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပြီး ပါတီခေါင်းဆောင် ဥက္ကဋ္ဌ ခိုင်ရဲခိုင်၊ ဒုဥက္ကဋ္ဌစောမြရာဇာလင်းနဲ့ အထွေထွေအတွင်းရေးမှူး ခိုင်ကျော်ခိုင်တို့ ခရီးလွန်နေလို့ အခမ်းအနားကို အွန်လိုင်းကနေ  တက်ရောက်ခဲ့ကြပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဟာ ၁၉၆၇ ခုနှစ်မှာ အိန္ဒိယနယ်စပ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး သမ္မတဦးသိန်းစိန်လက်ထက် ၂ဝ၁၂ ခုနှစ်၊ ဧပြီလမှာ ရခိုင်ပြည်နယ်အစိုးရနဲ့ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုခဲ့ကာ နောက်ပိုင်းမှာ တနိုင်ငံလုံး အပစ်ရပ် စာချုပ် (အန်စီအေ)မှာလည်း ပါဝင် လက်မှတ်ရေးထိုးထားတဲ့လက်နက်ကိုင်အဖွဲ့ တဖွဲ့ ဖြစ်ပါတယ်။

Photo -ALP

4 mins Ago

December 20, 2021

ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁ ဦး မိုင်းနင်းပြီး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ခမောင်းဆိပ်မြို့နယ်အထက်ပိုင်း မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုးအနီး ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းက မိုင်းနင်းမိလို့ နယ်ခြားစောင့် တပ်ဖွဲ့ဝင် တယောက် ခြေချင်းဝတ်ပြတ်ဒဏ်ရာရသွားပါတယ်။

မိုင်းနင်းမိပြီး ဒဏ်ရာရရှိသွားတဲ့ တပ်သားဟာ မောင်တောမြို့နယ်တောင်ပိုင်း နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၆) အင်းဒင်စခန်းက ဖြစ်ပြီး ပုံမှန်ကင်းလှည့်နေစဉ် မိုင်းနင်းမိတာလို့ ရဲအရာရှိတယောက်က ပြောပါတယ်။

"ဟုတ်တယ်။ လည့်ကင်းလည့်နေစဉ် မိုင်တိုင် ၄၀ နဲ့ ၄၁ ကြားမှာ မိုင်းနင်းမိတာ။ ခြေချင်းဝတ်ပြတ်ချသွားတယ်။ ဒဏ်ရာပြင်းတော့ ဘူးသီးတောင်စစ်ဆေးရုံမှာ ဆေးကုသနေတယ်။” 

မိုင်းနင်းမိတဲ့နေရာဟာ  ခမောင်းဆိပ်မြို့အထက်ပိုင်း ဝေလာတောင်ကျေးရွာတောင်ကြော ဘင်္ဂလား-မြန်မာ ခြံစည်းရိုးအနီးမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလ ၃၀ ရက်ကလည်း  မောင်တောမြို့နယ်မြောက်ပိုင်း  နှစ်နိုင်ငံ နယ်စပ် ဝေလာတောင်ကျေးရွာအနီး မိုင်တိုင်အမှတ် ၄၃ အောင်ဇူစခန်းမှာ တာဝန်ကျနေတဲ့ နယ်ခြားစောင့်အရာရှိတယောက်  လက်နက်တွေနဲ့အတူ ထွက်ပြေးသွားပါတယ်။

4 months Ago
Up