close

ဘင်္ဂလားပင်လယ်

close

March 18, 2022

ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်းရပ်ဝန်း ရက်ပိုင်းအတွင်း ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင်

ဘင်္ဂလားပင်လယ်အော်ထဲမှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပြီး လာမယ့်ရက်ပိုင်းအတွင်း ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင်တယ်လို့ မိုးလေဝသတွက်ချက်ခန့်မှန်းရေးဌာနတွေက ထုတ်ပြန်ထားကြပါတယ်။

လေဖိအားနည်းရပ်ဝန်းဟာ လက်ရှိမှာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်းပိုင်းမှာ ဖြစ်ပေါ်နေပြီး ပိုအားကောင်းလာနေတာဖြစ်ပါတယ်။

မြောက်ဘက်ကို ရွေ့လျားလာနိုင်ပြီး မတ် ၂၀ ရက်မှာတော့ ကိုကိုးကျွန်းအနားမှာ မုန်တိုင်းငယ်အဖြစ်ကို ရောက်နိုင်ပါတယ်။

မိုးလေဝသခန့်မှန်းရေးဝက်ဘ်ဆိုက်တခုဖြစ်တဲ့ windy.com ကတော့ ကယားပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက နေရာတချို့မှာ ဒီနေ့ မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းစဖြစ်လာမယ့် မတ် ၂၀ ရက်မှာတော့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ်က နေရာတချို့မှာ မိုးရွာနိုင်ပြီး မတ် ၂၁ ရက်မှာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း ပဲခူးတိုင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက နေရာတချို့မှာ မိုးရွာနိုင်တယ်လို့ ဆိုပါတယ်။

ပြီးတော့ မတ် ၂၃ ရက်နေ့မှာ မြန်မာတနိုင်ငံလုံးနီးပါး မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒဌာနကလည်း မုန်တိုင်းဖြစ်လာမယ့်အကြောင်းကို ထုတ်ပြန်ထားပြီး မတ် ၂၂ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုတန်းနားကို ရောက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ရန်ကုန်ကနေ တနင်္သာရီကမ်းရိုးတန်းတလျှောက်ပင်လယ်ပြင်မှာ ဒီနေ့ မွန်းတည့်ကနေ နောက် ၂၄ နာရီအတွင်း နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး ရေပြင်လေဟာ တနာရီကို ၃၅ မိုင်လောက်အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

ရန်ကုန်ကနေ ရခိုင်ကမ်းရိုးတန်းတလျှောက်မှာလည်း ဒီနေ့ မွန်းတည့်ကနေ နောက် ၂၄ နာရီအတွင်း နေရာကွက်ကျားမိုးရွာနိုင်ပြီး လေတိုက်နှုန်းကတော့ တနာရီကို မိုင် ၃၀ လောက်အထိ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

5 mins Ago

September 24, 2021

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေ

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ  လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေလို့ လေပြင်းတိုက်ခတ်၊ မိုးထစ်ချုန်းနိုင်တယ်လို့င မိုးဇလဌာနက စက်တင်ဘာ ၂၄ ရက်  မြန်မာစံတော်ချိန် မနက် ၉ နာရီမှာ  အသိပေး ထုတ်ပြန်ထားပါတယ်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့်  နောက် ၂၄ နာရီအတွင်းနေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်သလို ဒေသအလိုက်မိုးကြီးတာနဲ့  နေရာကွက် မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံမိုးသက်လေပြင်းကျရောင် လှိုင်းကြီးနိုင်ပြီး  မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် (၃၅)မိုင်မှ မိုင် (၄၀)အထိတိုက်ခတ်နိုင်သလို လှိုင်းအမြင့်  (၉)ပေမှ (၁၁)ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးရွာသွန်း၊ လေပြင်းတိုက်ခတ်၊ မိုးထစ်ချုန်း၊ မိုးကြိုးပစ်၊ လျှပ်စီးလက်တိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့နဲ့ ပြည်တွင်းလေကြောင်းပျံသန်းရေးတွေ၊ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ ကြိုတင်သတိပြုနိုင်ဖို့ မိုးဇလဌာနက  အသိပေးနှိုးဆော်ထားပါတယ်။

6 months Ago
Up