close

ဘစ်ဒက်ရှ်

close

February 25, 2022

ONE Championship မစ်ဒယ်ဝိတ်တန်းစိန်ခေါ်ပွဲတွင် အောင်လအန်ဆန် ရှုံးနိမ့်

စင်ကာပူနိုင်ငံမှာ ဖေဖော်ဝါရီ ၂၅ ရက် ဒီကနေ့ညကျင်းပတဲ့ ONE Championship ရဲ့ Full Circle မစ်ဒယ်ဝိတ်တန်းစိန်ခေါ်ပွဲမှာ ရုရှားနိုင်ငံသား ဘစ်ဒက်ရှ်က   အောင်လအန်ဆန်ကို အမှတ်နဲ့ အနိုင်ရသွားပါတယ်။ 

ဒီပြိုင်ပွဲမှာ ၃ ချီအပြည့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး ဘယ်သူကမှ  အလဲထိုးနိုင်ခြင်းမရှိဘဲ  ဒိုင် အဆုံးအဖြတ်နဲ့  ဘစ်ဒက်ရှ်က အနိုင်ရသွားတာဖြစ်ပါတယ်။

အောင်လအန်ဆန်းက “ဒီနေ့ပွဲအတွက် ကျွန်တော် အကောင်းဆုံးပြင်ဆင်ကြိုးစားခဲ့ပါတယ်။ သို့ပေမယ့်ကျွန်တော် ကြိုးစားခဲ့သလို မဖြစ်ခဲ့တဲ့အတွက် ပရိသတ်များကို စိတ်မကောင်းဖြစ်စေခဲ့တဲ့အတွက် များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ နောက်များအတွက် ကျွန်တော်အကောင်းဆုံးကြိုးစား ပြင်ဆင်သွားပါမယ်လို့ ကတိပေးရင်း ချစ်တဲ့ မြန်မာပြည်ကြီးနဲ့ ပြည်သူပြည်သားများအတွက် အမြဲဆုတောင်းပေးလျက် ပါခင်ဗျာ” လို့ ပွဲအပြီးသူ့ရဲ့လူမှုကွန်ရက်ကနေ ပြောကြားထားပါတယ်။

ဒီပြိုင်ပွဲဟာ အောင်လအန်ဆန်နဲ့ ဗစ်တာလီဘစ်ဒက်ရှ်တို့ တတိယအကြိမ်ရင်ဆိုင်ထိုးသတ်ကြတဲ့ပွဲဖြစ်ပြီး  ပြီးခဲ့တဲ့ နှစ်ကြိမ်မှာတော့  တစ်ပွဲစီအနိုင်ရထားပါတယ်။ 

ဒီပွဲ အနိုင်ရသူကတော့  လာမယ့်ပွဲမှာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ပြန်လည်စိန်ခေါ်ခွင့် ရဖွယ်ရှိနေပါတယ်။

10 hours Ago

February 7, 2022

အောင်လအန်ဆန်နှင့် ပြိုင်ဘက်ဟောင်းရုရှားနိုင်ငံသား ဘစ်ဒက်ရှ်တို့ တတိယအကြိမ် ထိုးသတ်မည်

ဖေဖော်ဝါရီ ၂၅ ရက် ကျင်းပမယ့် ONE Championship ရဲ့ Full Circle ပြိုင်ပွဲမှာ အောင်လအန်ဆန် တွဲဆိုင်းပါဝင်မှာဖြစ်ပြီး  မစ်ဒယ်ဝိတ်တန်းစိန်ခေါ်ပွဲအဖြစ် ဘစ်ဒက်ရှ်နဲ့ ယှဉ်ပြိုင်ထိုးသတ်ရမှာဖြစ်ပါတယ်။ 

အောင်လအန်ဆန်ဟာ အခုထိုးသတ်ရမယ့်ပွဲမှာတော့    ပြိုင်ဘက်ဟောင်း ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်နဲ့ ယှဉ်ပြိုင်ထိုးသတ်ရမှာပါ။ 

အောင်လအန်ဆန်နဲ့ ဘစ်ဒက်ရှ်ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ယှဉ်ပြိုင်ထိုးသတ်ဖို့  စီစဉ်ထားပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်သွားခဲ့ပြီး အခုနှစ်မှသာ ပြန်လည် ထိုးသတ်တာ ဖြစ်ပါတယ်။ 

အောင်လအန်ဆန်နဲ့ ဗစ်တာလီဘစ်ဒက်ရှ်ဟာ  တတိယအကြိမ်ရင်ဆိုင်ထိုးသတ်ကြရမယ့်ပွဲဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ကြိမ်မှာတော့  တစ်ပွဲစီအနိုင်ရထားပါတယ်။ 

အောင်လအန်ဆန်နဲ့ ဘစ်ဒက်ရှ်ပွဲတို့ပွဲကနေ အနိုင်ရသူကတော့  လာမယ့်ပွဲမှာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ပြန်လည်စိန်ခေါ်ခွင့် ရဖွယ်ရှိနေပါတယ်။ 

Full Circle ပြိုင်ပွဲမှာ တွဲဆိုင်း ၁၄ ပွဲ ပါဝင်မှာ ဖြစ်ပြီး ကမ္ဘာ့ချန်ပီယံလုပွဲ သုံးပွဲနဲ့ စိန်ခေါ်ပွဲ ၁၁ ပွဲ ထည့်သွင်းကျင်းပမှာဖြစ်ပါတယ်။ 

3 weeks Ago
Up