close

ဘတ်စ်ကားမှတ်တိုင်

close

May 3, 2023

ထိုင်းတွင် ဆိုလာစနစ်သုံး အဲယားကွန်းပါ ဘတ်စ်ကားမှတ်တိုင် ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်

ထိုင်းနိုင်ငံမှာ နေရောင်ခြည်စွမ်းအင်ဆိုလာပြား အသုံးပြုထားတဲ့ အဲယားကွန်း လေအေးစက်ပါ ဘတ်စ်ကားမှတ်တိုင်တစ်ခုကို ဘန်ကောက်မြို့မှာ ပထမဆုံးအကြိမ် ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ 

SEACON BUS STATION လို့အမည်ပေးထားတဲ့ အဆိုပါ ဘတ်စ်ကားမှတ်တိုင်မှာ ဘန်ကောက် ဆီနတ်ခလင်းလမ်း၊ ဆီကွန်စကွဲယားကုန်တိုက်ကြီးရှေ့မှာတည်ရှိပြီး ဘန်ကောက်ခရိုင်ဝန် နိုင်းချာ့ချတ် ဆစ်ထိဖန်းကိုယ်တိုင် ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့က အခမ်းအနားနဲ့ ဖွင့်လှစ်ပေးခဲ့တာပါ။ 

ဘတ်စ်ကားနဲ့ နေ့စဉ်သွားလာနေရတဲ့ အများပြည်သူတွေအနေနဲ့ နေပူဒဏ်နဲ့ လေထု ညစ်ညမ်းမှုဒဏ် ရှောင်ကွင်းကာ  သက်တောင့်သက်သာစွာ ဘတ်စ်ကားထိုင်စောင့်ဖို့ ရည်ရွယ်ကြောင်း၊ ဒါ့အပြင်  စွမ်းအင်ချွေတာရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုပါရှေးရှုကာ Seacon Development ကုမ္ပဏီနဲ့ ဘန်ကောက်ခရိုင်အုပ်ချုပ်ရေးဌာနတို့ ပူးပေါင်းပြီး နေရောင်ခြည်စွမ်းအင်သုံး ဘတ်စ်ကားမှတ်တိုင် ဆောက်လုပ်ထားတာလို့ ကုမ္ပဏီ အမှုဆောင်ဒါ ရိုက်တာ ခွန်တာတိယ ဆောဆိုထိကွန်းက ပြောပါတယ်။

အဆိုပါ ကားမှတ်တိုင်မှာ အကျယ် ၄၀ မီတာရှိပြီး လူပေါင်း ၄၀ ဦးဝင်ရောက်နားခိုနိုင်ကာ အထဲမှာ လေအေးစက်၊ နားနေဖို့ထိုင်ခုံ၊ ဖုန်းနဲ့ လက်တော့ပ် ဘက်ထရီအားသွင်းပလပ်ပေါက်၊ အခမဲ့ သောက်ရေသန့်စက်၊ အခမဲ့ ဝိုင်ဖိုင်တွေပါတပ်ဆင်ထားပါတယ်။ 

ဒါ့အပြင် ဘတ်စ်ကားအလာကိုလှမ်းမြင်နိုင်တဲ့ မှန်နံရံ၊ မှန်တံခါးတွေ တပ်ဆင်ထားကြောင်း၊ ဘတ်စ်ကားခရီးစဉ်နဲ့ ထွက်လာချိန် ဆိုက်ရောက်ချိန်ကို ကြေညာပေးနေတဲ့ ရုပ်မြင်သံကြားစက်ပါ တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။ 

ဒါဟာ ပြည်သူတွေအတွက် ပုဂ္ဂလိကကုမ္ပဏီနဲ့ အစိုးရတို့  ပူးပေါင်းဆောင်ရွက်မှုရဲ့ ရလဒ် ဖြစ်ကြောင်း၊ နောက်ထပ်အဲယားကွန်းပါ ဘတ်စ်ကားမှတ်တိုင်တွေ ပေါ်ထွက်လာဖို့  စံပြ မှတ်တိုင်လည်းဖြစ်တယ်လို့ ဘန်ကောက်ခရိုင်ဝန်က ပြောသွားပါတယ်။ 

ကိုးကား - matichon/matichon

12 mins Ago

November 23, 2022

ဂျေရုဆလင်ရှိ ဘတ်စ်ကားမှတ်တိုင်တွင် ပေါက်ကွဲမှုဖြစ်ပြီး လူ ၁ ဦးသေဆုံး၊ ၁၅ ဦး ဒဏ်ရာရ

ဂျေရုဆလင်မြို့ ဆင်ခြေဖုံးရှိ ဘတ်စ်ကားမှတ်တိုင်မှာ နိုဝင်ဘာ ၂၃ ရက်က ပေါက်ကွဲမှု ၂  ခု ဖြစ်ပွားခဲ့လို့ လူ ၁ ဦး သေဆုံးပြီး ၁၅ ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ်ဝန်ဆောင်မှုဌာနက ပြောပါတယ်။

မြို့အထွက်ပေါက်နားက ဘတ်စ်ကားဂိတ်မှာ ထားရှိတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကြောင့် ကနဦး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မိနစ် ၃၀ လောက်အကြာမှာ မြို့အရှေ့ဘက်ရှိ နောက်ထပ် ဘတ်စ်ကားမှတ်တိုင်တခုမှာ ဒုတိယပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။

ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Eli Levi က ပထမဆုံး ပေါက်ကွဲမှုဟာ အားကောင်းတဲ့ ဖောက်ခွဲရေးပစ္စည်းကြောင့်ဖြစ်ကြောင်း စစ်တပ်ရေဒီယိုကို ပြောကြားခဲ့ပါတယ်။

ဒါဟာ ပါလက်စတိုင်း စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုလို့ အစ္စရေးရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ပထမပေါက်ကွဲမှုကြောင့် လူ ၁၂ ဦးကို ဆေးရုံပို့ပေးခဲ့ရပြီး အနည်းဆုံး ၂ ဦးဟာ ဒဏ်ရာပြင်းထန်ကြောင်း ကျန်းမာရေးဝန်ဆောင်မှုဌာနက ပြောပါတယ်။

ဒုတိယပေါက်ကွဲမှုမှာ လူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးလူနာတင်ယာဉ်ဝန်ဆောင်မှုနဲ့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲက တဦးကတော့ ဆေးရုံမှာ သေဆုံးသွားတယ်လို့ ရှားရီ ဇီဒခ် ဆေးဘက်ဆိုင်ရာဌာနက ပြောပါတယ်။

ဂါဇာရှိ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်မှ ပြောရေးဆိုခွင့်ရှိသူကတော့ ဂျေရုဆလင် ဗုံးခွဲမှုကို ချီးကျူးပြောဆိုခဲ့ပေမဲ့ တာဝန်ခံ ပြောဆိုမှုတော့ မရှိပါဘူး။

5 months Ago
Up