close

ဘတ်စ်ကားလမ်းကြောင်း

close

May 5, 2022

ကိုဗစ်ကူးစက်မှုရပ်တန့်ရေး ပေဂျင်းတွင် ရထားနှင့်ဘတ်စ်ကားလမ်းကြောင်းများ ပိတ်

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု ရပ်တန့်ရေးအတွက် တရုတ်နိုင်ငံရဲ့ မြို့တော် ပေဂျင်းမှာ မေ ၄ ရက်က မြေအောက်ရထားဘူတာတွေနဲ့ ဘတ်စ်ကားလမ်းကြောင်း ဒါဇင်နဲ့ချီ ပိတ်ချလိုက်ပါတယ်။

ဒါ့အပြင် လူသန်းချီပြီး တလကျော်ကြာ တင်းတင်းကျပ်ကျပ် ပိတ်ဆို့ကန့်သတ်ခံလိုက်ရတဲ့ ရှန်ဟိုင်းမြို့က အဖြစ်မျိုးကို ရှောင်ရှားဖို့လည်း ဖြစ်ပါတယ်။

ပေဂျင်းမြို့တော်မှာ မြေအောက်ရထားကွန်ရက်ရဲ့ ဆယ်ပုံတပုံဖြစ်တဲ့ မြေအောက်ရထားဘူတာ ၄၀ ကျော်၊ ဘတ်စ်ကားလမ်းကြော ၁၅၈ ခုကိုလည်း ပိတ်ချလိုက်ပြီလို့ ဝန်ဆောင်မှု ပေးသူတွေက ပြောပါတယ်။

ဆိုင်းငံ့လမ်းကြောင်းတွေ အများစုရှိတဲ့နေရာဟာ ပေဂျင်းမြို့ရဲ့ ကူးစက်ရာ အချက်အခြာနေရာဖြစ်တဲ့ ကျောက်ယန်ခရိုင်မှာ ရှိပါတယ်။

နေ့တိုင်း ကူးစက်ခံ လူနာသစ်တွေ ဒါဇင်ချီ တိုးနေလို့ တရုတ်အစိုးရဟာ ရှန်ဟိုင်းမြို့မှာလို တမြို့လုံး အသွားအလာ ပိတ်ဆို့ကန့်သတ်ရတဲ့ အဖြစ်မျိုးကို ရှောင်ဖို့ ကြိုးစားနေပါတယ်။

မကူးစက်ခင် လူထုကို အကြီးအကျယ် စမ်းသပ်စစ်ဆေးပြီး ဗိုင်းရပ်စ်ကိုရှာရင်း သီးခြားခွဲထားဖို့ မျှော်လင့်ထားပါတယ်။

ဒီသီတင်းပတ်ထဲမှာ ပေကျင်းက ခရိုင် ၁၆ ခုအနက် ၁၂ ခုမှာ ကူးစက်ခံလူနာတွေကို ဒုတိယအကျော့ စစ်ဆေးနေပါတယ်။

2 hours Ago
Up