close

ဘတ်ဖဲလိုး

close

November 28, 2022

“မသောက်မိသော မိုးခါးရေ”ရုပ်ရှင် ဘတ်ဖဲလိုးမြို့၌ပြသ၊ ရန်ပုံငွေ ဒေါ်လာ ၁၀,၀၀၀ ကျော်ရ

ဒါရိုက်တာကိုပေါက်ရိုက်ကူးထားတဲ့ “မသောက်မိသော မိုးခါးရေ”ရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စု၊ ဘတ်ဖဲလိုးမြို့မှာ နိုဝင်ဘာ ၂၆ ရက်က ပြသခဲ့ရာမှာ နွေဦးတော်လှန်ရေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ကျော်ရရှိခဲ့တယ်လို့ ပွဲစီစဉ်သူတွေထံက သိရပါတယ်။  

အဆိုပါရုပ်ရှင်ဇာတ်လမ်းတိုကို  နွေဦးရုပ်ရှင်ပြသရေး Buffalo NY အဖွဲ့က ဦးဆောင်စီစဉ်မှုနဲ့  မွန်းလွဲ ၁၁ နာရီမှ ညနေ ၆ အထိ ပွဲချိန် သုံးချိန်ခွဲပြီး ပြသခဲ့ရာမှာ ဘတ်ဖဲလိုးမြို့နဲ့ အနီးတဝိုက် နေထိုင်ကြတဲ့ လူဦးရေ ၉၀၀ ဝန်းကျင်ရှိ  မြန်မာပြည်ဖွားတိုင်းရင်းသားမိသားစုတွေနဲ့ အမေရိကန်မိတ်ဆွေမိသားစုတွေအားပေးကြည့်ရှုကြပါတယ်။

ရုပ်ရှင်ပြပွဲမှာ ရန်ပုံငွေ တီရှပ်တွေအပြင် ရန်ပုံငွေ အစားသောက်စျေးရောင်းပွဲကိုပါ စီစဥ်ထားပြီး ရရှိလာတဲ့ ရန်ပုံငွေအလှူငွေတွေကို မြန်မာနိုင်ငံအနှံ့ အရေးပေါ်လိုအပ်နေတဲ့ နေရာတွေကို  အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကနေတဆင့် ညှိနှိုင်းပြီး အမြန်ဆုံး‌ ပေးအပ်လှူဒါန်းမယ်လို့ဆိုပါတယ်။

“မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတိုကို ဒါရိုက်တာကိုပေါက်က တောတွင်းတနေရာမှာ ဖုန်းကင်မရာကိုအသုံးပြုကာ CDM စစ်ဗိုလ်တယောက်ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

2 mins Ago
Up