close

ဘန်ကောက်လေဆိပ်

close

July 11, 2022

လီဗာပူးအသင်းကို ဘန်ကောက်လေဆိပ်တွင် ထိုင်းပရိတ်သတ်များ ကြိုဆို၊ မန်ယူကို အနိုင်ကန်မည်ဟု လီဗာပူးနည်းပြပြော

ထိုင်းနိုင်ငံက ဘောလုံး ပရိသတ်တွေဟာ ဇူလိုင် ၁၁ ရက် တနင်္ဂနွေနေ့ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်လာတဲ့ ပရီးမီးယားလိဂ်ထိပ်သီး  လီဗာပူးအသင်းသားတွေကို သွားရောက်အားပေးစောင့်ကြိုခဲ့ကြပါတယ်။

လီဗာပူး အသင်းဟာ ဇူလိုင် ၁၂ ရက်နေ့မှာ မန်ချက်စတာယူနိုက်နက် အသင်းနဲ့ ထိုင်းမြေပေါ်မှာ ချစ်ကြည်ရေး ဘောလုံးပွဲ ယှဉ်ပြိုင်မှာပါ။

လီဗာပူး မန်နေဂျာကလော့ပ်က “မန်ယူအသင်းကို ကျနော်တို့ လေးစားပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲဆိုတော့ နိုင်အောင်တော့ ကန်ရမယ်။ ကျနော်တို့အတွက် အကြိတ်အနယ် ဖြစ်မယ့် ပွဲလို့ ယူဆပါတယ်။ ပထမဆုံး တွေ့တဲ့ ပွဲဆိုတော့ ဒီလိုပဲ ဖြစ်မှာပါ”လို့ ပြောသွားတာပါ။

မန်ယူနိုက်တက်အသင်းသားတွေကတော့ ဇူလိုင် ၉ ရက်နေ့ကတည်းက ဘန်ကောက်မြို့ကို ကြိုတင်ရောက်ရှိ လေ့ကျင့်နေကြပါတယ်။ 

အင်္ဂလန်ထိပ်တန်း ကလပ်အသင်း ၂ သင်းကန်မယ့်ပွဲအတွက် ထိုင်းမှာ လက်မှတ်ဈေးနှုန်းတွေဟာ ဘတ် ၂၅၀၀၀  (ဒေါ်လာ ၇၀၀) အထိ မြင့်တက်သွားပါတယ်။

ထိုင်းကဘောလုံး ပရိသတ်တွေအတွက်ကတော့ ကိုဗစ်ကပ်ဘေးအလွန် ထိုင်းမြေပေါ်မှာ ပထမဆုံးကြည့်ရမယ့် နိုင်ငံခြားကလပ်တွေရဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

အင်္ဂလန်ကလပ်အသင်းတွေဟာ ရှေ့လပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်မစခင်မှာ ချစ်ကြည်ရေးပွဲစဉ်တွေအတွက်ခရီးထွက်နေတာ ဖြစ်ပြီး လီဗာပူး အသင်းက ထိုင်းကနေ စင်ကာပူ၊ ယူနိုက်တက်အသင်းကတော့ သြစတြေးလျနိုင်ငံ မယ်လ်ဘုန်းကို ခရီးဆက်မှာ ဖြစ်ပါတယ်။

2 mins Ago
Up