close

ဘန်ကောက် မြန်မာသံရုံး

close

November 2, 2022

ဘန်ကောက် မြန်မာသံရုံးက ပတ်စ်ပို့အသစ်လုပ်သူများကို OWIC ကတ် တပါတည်းပြုလုပ်ပေးမည်

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို နိုဝင်ဘာလ ၇ ရက်က စပြီး PJ နိုင်ငံကူးလက်မှတ်အသစ်လုပ်သူတွေအနေနဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) တပါတည်း လုပ်ဆောင်ခွင့်ရတော့မယ်လို့ ဘန်ကောက်မြို့ရှိ  မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။ 

နိုဝင်ဘာလ ၇ ရက်ကစပြီး PJ နိုင်ငံကူးလက်မှတ်အသစ် လုပ်ဆောင်သူတွေကို PJ နိုင်ငံကူးလက်မှတ်အသစ်နဲ့ OWIC ကတ်တွေလုပ်ပေးမှာဖြစ်ပြီး ဒီအတွက် သတ်မှတ်ထားတဲ့ ဘန်ကောက် ဘဏ်ငွေစာရင်းအမှတ် ( 101-3-481922 ) သို့ ၁၀၅၀ ဘတ် (၈၀၀ ဘတ်  + ၂၅၀ ဘတ်) ပေးသွင်းထားတဲ့ ငွေသွင်းဖြတ်ပိုင်းနဲ့ PJ   နိုင်ငံကူးလက်မှတ်ဟောင်း ယူဆောင်လာဖို့ လိုအပ်မှာပါ။

နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်ဖို့ ပုံစံမှာ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ မိသားစုဝင်အမည်၊  နေရပ် လိပ်စာနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ အလုပ်သမားကုမ္ပဏီအမည်တို့ကို ပြည့်စုံ စွာ ဖြည့်စွက်ဖို့ လိုအပ်သလို PJ နိုင်ငံကူးလက်မှတ်အသစ်ကို မြန်မာသံရုံး (ဘန်ကောက်) မှာ ထုတ်ယူရမှာဖြစ်ပြီး OWIC ကတ်ကို မဟာချိုင်ရှိ TDCC ရုံးမှာ တပတ်အတွင်း   သွားရောက်ထုတ်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။

စက်ရုံလုပ်သားတွေအတွက် စက်ရုံကိုယ်စားလှယ်တယောက်က စာရင်းနဲ့ အတူ တစုတစည်းတည်း TDCC ရုံးကို သွားရောက်ထုတ်ယူဖို့နဲ့ OWIC ကတ် လုပ်ငန်းစဉ်မှာ  မြန်မာပြည်မှာ နေထိုင်တဲ့ မိသားစုရဲ့ လိပ်စာ၊ ဖုန်းနံပါတ်တို့ကို မှတ်တမ်းထားရှိမှာဖြစ်ပြီး မတော်တဆ ထိခိုက်ဒဏ်ရာရရှိခဲ့ပါက လျော်ကြေး၊ နစ်နာကြေးကိစ္စတွေ ဆက်သွယ်ဆောက်ရွက်ဖို့ လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက စတင်ပြီး PJ နိုင်ငံကူးလက်မှတ်အသစ် ထုတ်ထားသူတွေအနေနဲ့ မြန်မာနိုင်ငံကို ပြန်လည်သွားရောက် ပြုလုပ်ရန် မလိုအပ်ဘဲ မဟာချိုင်ရှိ TDCC ရုံးမှာ PJ နိုင်ငံကူးလက်မှတ်နဲ့အတူ ၂၅၀ ဘတ်ကို ပေးသွင်းပြီး နေ့ချင်းပြီး လုပ်ဆောင်နိုင်ပြီလို့ အသိပေးထားပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လက စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေအနေနဲ့ မြန်မာနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပေးထားတဲ့ OWIC ပါရှိမှသာ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေ၊ နယ်စပ်ဂိတ်တွေကတဆင့် ပြည်ပနိုင်ငံတွေကို သွားရောက်နိုင်မှာဖြစ်ပြီး OWIC သက်တမ်း ၅ နှစ်အတွင်း ခွင့်နဲ့ပြန်လာ ပြန်လည်ထွက်ခွာမယ် ဆိုပါက အဆိုပါ OWIC ကို ဆက်လက်ကိုင်ဆောင်ပြီး ပြည်ဝင် / ပြည်ထွက်များ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

11 mins Ago

April 10, 2022

တော်လှန်ရေးအဖွဲ့များကို မထောက်ပံ့ရန် ခြိမ်းခြောက်ခဲ့သည့် ဘန်ကောက် မြန်မာသံရုံးရှေ့ ဆန္ဒပြ

တော်လှန်ရေးမှာ ပါဝင်နေတဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို ခြိမ်းခြောက်စာထုတ်တဲ့ ထိုင်းနိုင်ငံရှိ ဘန်ကောက် မြန်မာသံရုံးကို ထိုင်းရောက်မြန်မာလုပ်သားတွေက ဧပြီ ၁၀ ရက်နေ့ မနက် ၁၀ နာရီလောက် သွားရောက် ဆန္ဒပြ စာကပ်ခဲ့ကြပါတယ်။

မြန်မာအလုပ်သမားတွေက “ထိုင်းသံရုံးလည်း တိရစ္ဆာန်ရုံနဲ့ တူနေပြီ၊ ငြိစွန်းရုံသာမက တက်ချိတ်နေပါစေ၊ ဆက်တော်လှန်မယ်၊ ဘောမ သံရုံး” စတဲ့ သံရုံးကို ဆန့်ကျင်ကြောင်း စာ တွေကပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးဟာ ဧပြီလ ၈ ရက်နေ့က ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်တာ၊ အဆိုပါအဖွဲ့အစည်းတွေကို  ပံ့ပိုးဖို့ ရန်ပုံငွေပွဲတွေ ပြုလုပ်တာနဲ့ တဦးဖြစ်စေ အဖွဲ့အစည်းနဲ့ဖြစ်စေ အတင်းအဓမ္မငွေကြေးကောက်ခံတာတွေ မပြုလုပ်ကြဖို့ ထုတ်ပြန်ထားပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အဖွဲ့အစည်းတွေကို ဆက်လက်ထောက်ခံအားပေးတဲ့ အပြုအမူတွေ လုပ်ဆောင်နေမယ်ဆိုရင် ကျူးလွန်သူတွေဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ငြိစွန်းမယ်လို့ ခြိမ်းခြောက်ထားတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား အမျိုးသမီးတဦးက “ကျမတို့ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို ဖမ်းဆီးပြီး စစ်ခေါင်းဆောင်တွေက မတရား အာဏာသိမ်းခဲ့တာပါ။ ဒီ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ မြန်မာပြည်အတွင်းက ပြည်သူတွေကို အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်နေတာကို လက်ပိုက်ကြည့်မနေနိုင်ပါဘူး။ တော်လှန်ရေးအောင်မြင်ဖို့အတွက် ပြည်ပကနေ ပံ့ပိုးထောက်ပံ့နေတာကို မြန်မာသံရုံးက အခုလို ခြိမ်းခြောက်စာ ထုတ်ပြန်တာကို မကျေနပ်လို့ စာကပ်ဆန္ဒပြတာပါ” လို့ ဒီဗွီဘီကိုပြောပါတယ်။

7 months Ago
Up