close

ဘယ်ရီသီးကုမ္ပဏီ

close

May 20, 2022

မက္ကဆီကိုတွင် ယာဉ်တစီးတိမ်းမှောက်၊ ၁၄ ဦးသေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရ

မက္ကဆီကိုနိုင်ငံ အနောက်ပိုင်းက ဂျလစ်ကိုပြည်နယ်မှာ မေ ၁၉ ရက်က လိုင်းကားတစီး တိမ်းမှောက်ပြီး လူ ၁၄ ယောက်သေဆုံး၊ အယောက် ၂၀ ဒဏ်ရာရတယ်လို့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

ပြည်နယ်အစိုးရလက်အောက်ခံ အရပ်သားကာကွယ်ရေးအဖွဲ့ရဲ့ တွစ်တာမှာ ဖော်ပြထားချက်အရ ကားပေါ်မှာ ဘယ်ရီသီးကုမ္ပဏီက အလုပ်သမားတွေကို တင်ဆောင်လာပြီး ဘရိတ်ပေါက်တာကြောင့် မတော်တဆဖြစ်တာလို့ ဆိုပါတယ်။

အနီးအနား စည်ပင်နယ်မြေ ၄ ခုက အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေ မတော်တဆဖြစ်တဲ့ နေရာကို ရောက်သွားပြီး ဒဏ်ရာရသူတွေကို အနီးဆုံး ဆေးရုံ ၂ ရုံကို ပို့ဆောင်ထားရတယ်လို့လည်း ပြောပါတယ်။

3 mins Ago
Up