ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဂမ်နဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေတို့ကိုခေါ်ယူဖို့ တိုက်တွန်း တဲ့ မန်ယူအသင်းပရိသတ်တစ်ဦးကိ ပိုက်ဆံပေးနိုင်မလား လို့ နည်းပြတန်ဟတ်ဂ်က အရွှန်းဖောက်သွားပါတယ်။
နည်းပြတန်ဟတ်ဂ်ရဲ့အလာကို မန်ယူအသင်း ပရိသတ်တွေက ကြိုတင်စောင့်ဆိုင်းပြီး လက်မှတ်ထိုးနေကြချိန်မှာ ပရိသတ်တစ်ဦးက တိုက်တွန်းခဲ့တာပါ။
လူငယ်ပရိသတ်တစ်ဦးက ဘယ်လင်ဂမ်ကိုခေါ်ချင်လားလို့ မေးမြန်းခဲ့ချိန်မှာ ခေါ်ယူချင်ကြောင်း အဲရစ်တန်ဟတ်ဂ်ကပြန်ဖြေခဲ့ပါတယ်။
အဲဒီနောက် အမ်ဘာပေကိုကော ခေါ်ယူချင်လားလို့ ဆက်လက်မေးမြန်းခဲ့ရာမှာ နည်းပြတန်ဟတ်ဂ်က အံ့အားသင့်ဟန်ပြသခဲ့ပြီး “သူတို့ကိုခေါ်ယူဖို့ ပိုက်ဆံတချို့ပေးနိုင်လား” ဆိုပြီး ပြန်လည် ဟာသလုပ်ခဲ့တာပါ။
နည်းပြတန်ဟတ်ဂ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလနဲ့ ပတ်သက်ပြီး ကစားသမားသစ်ခေါ်ယူမယ်ဆိုရင် ဈေးကြီးတတ်ကြောင်း သတင်းစာရှင်းလင်းပွဲတွေမှာ ပြန်လည်ဖြေကြားခဲ့ဖူးပါတယ်။