close

ဘယ်လ်ဂျီယံတိုက်စစ်

close

November 28, 2022

ဘယ်လ်ဂျီယံတိုက်စစ် အိုနေပြီဟု နောက်ခံလူ ဗာတွန်ဂမ် ဝန်ခံ

ဘယ်လ်ဂျီယံအသင်းရဲ့ တိုက်စစ်ကစားသမားတွေဟာ အသက်အရွယ် အိုလွန်းနေကြောင်း နောက်ခံလူ ဗာတွန်ဂမ်က ဝေဖန်ပြောကြားလိုက်ပါတယ်။

အသင်းခေါင်းဆောင် ဒီဘရိုင်းကလည်း အလားတူဝေဖန်မှုပြုလုပ်ခဲ့အပြီးမှာ ဗာတွန်ဂမ်ကလည်း အဲဒီအတိုင်းထပ်ပြီး ဝေဖန်ခဲ့တာပါ။

ဘယ်လ်ဂျီယံအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ မော်ရိုကိုနဲ့ ပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ရပြီး ခရိုအေးရှားနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အနိုင်ရရှိမှသာ  နောက် တဆင့်တက်ဖို့ မျှော်လင့်ခွင့်ရှိမှာပါ။

တိုက်စစ်ပိုင်းက အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့ဘဲ စွမ်းဆောင်ရည်အားနည်းခဲ့တာဟာ အို ဟောင်းလွန်းနေတဲ့ ကစားသမားတွေရှိတာကြောင့် ဖြစ်နိုင်ကြောင်း၊ ရှုံးပွဲရလဒ်ဟာ အလွန်စိတ်ပျက်စရာကောင်းခဲ့ကြောင်း ပြောသွားပါတယ်။

ဘယ်လ်ဂျီယံတိုက်စစ်မှာ အသက် ၂၉ နှစ်ရှိ ဘက်ရူအာယီက ဦးဆောင်ခဲ့ပြီး လူကာကူက ပွဲချိန် ၈၁ မိနစ်မှ လူစားဝင်ကစားခဲ့တာပါ။

ဒါ့အပြင်  အသက် ၃၁ နှစ်အရွယ် ဟာဇက်၊ အသက် ၃၅ နှစ်ရှိ မာတင်စ်တို့ရှိနေပြီး ဒီဘရိုင်း၊ မူနီယာ တို့ဟာလည်း  အသက် ၃၀ ကျော် ကစားသမားတွေ ဖြစ်ပါတယ်။ 

47 seconds Ago
Up