close

ဘယ်လ်ဂျီယံအသင်းရှုံး

close

November 28, 2022

ဘယ်လ်ဂျီယံအသင်းရှုံးသွားပြီးနောက် ဘရပ်ဆဲလ်တွင် ရုန်းရင်းဆန်ခတ်ဖြစ်

ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံအသင်းဟာ မော်ရိုကိုအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ရှုံးသွားပြီးနောက်  နိုဝင်ဘာ ၂၇ ရက်က ဘယ်လ်ဂျီယံနိုင်ငံရဲ့ မြို့တော် ဘရပ်ဆဲလ်မှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ 

နိုင်ငံအသင်းကို အားပေးသူတွေက ဒေါသထွက်ပြီး လမ်းပေါ်မှာ မီးရှို့ကာ ရဲတွေကို ကျောက်ခဲတွေ ပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။ 

အဓိကရုဏ်း နှိမ်နင်းရေး အရာရှိ အယောက် ၁၀၀ လောက်က မျက်ရည်ယိုဗုံးတွေနဲ့ မီးသတ်ပိုက်တွေ သုံးပြီး  အကြမ်းဖက်သူတွေကို လူစုခွဲခဲ့ပါတယ်။

“အချိန်တစ်ဝက်မှာ စတာပါ။ ဘယ်သူက စတယ်ဆိုတာ ကျနော်တို့ မသိပါဘူး”လို့ ဒေသခံ အဗ်ဒယ်လာ နာဒီက ပြောပါတယ်။

ဘရပ်ဆဲလ်မြို့ အလယ်ပိုင်းဧရိယာကို ရှောင်ကြဖို့ အာဏာပိုင်တွေက ပြည်သူတွေကို တောင်းဆိုထားပြီး မက်ထရိုဘူတာတွေ၊ ဘတ်စ်ကားတွေနဲ့ ရထားလိုင်း တွေကို ပိတ်ပစ်ခဲ့ပါတယ်။

ဘာ့ကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ရတာလဲဆိုတာကို မသိရသေးသလို အာဏာပိုင်တွေက အခုအချိန်အထိ ဘယ်သူ့ကိုမှ အပြစ်မတင်သေးပါဘူး။ 

3 hours Ago
Up