ယူကရိန်းမှာ ရုရှားရဲ့ကျူးကျော်မှုကို တိုက်ဖျက်ဖို့ လက်နက်အသစ်ရဲ့ တစိတ်တပိုင်းအဖြစ် အမေရိကန်ဟာ ဘရက်ဒ်လေ တိုက်ခိုက်ရေးယာဉ် အစီး ၆၀ ကို ယူကရိန်းဆီ တင်ပို့ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ စစ်ပွဲတွေ ကြီးထွားလာတာနဲ့အမျှ ယူကရိန်းနိုင်ငံဆီ စွမ်းရည်မြင့်လက်နက်တွေ ပိုမိုပေးပို့လာခဲ့တာပါ။
ယူကရိန်းရဲ့ လိုအပ်ချက်တွေကလည်း ပြောင်းလဲလာပြီး ပိုရှုပ်တဲ့ လက်နက်စနစ်တွေဖြစ်တဲ့ အမြန်ရွေ့လျားနိုင်တဲ့ ဒုံးကျည် အမြောက်ပစ်ခတ်ရေးစနစ် (HIMARS) နဲ့ အမျိုးသား အဆင့်မြင့် မြေပြင်က ဝေဟင်ပစ် ဒုံးကျည်စနစ် (NASAMS) တို့ကို တင်ပို့ရောင်းချခဲ့ပါတယ်။
ရုရှားရဲ့ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို တွန်းလှန်ဖို့ ပက်ထရီရော့ ဒုံးကျည်စနစ်ကို ပေးပို့စေလွှတ်မယ်လို့ အမေရိကန်က ယူကရိန်းအစိုးရကို မကြာသေးမီက ကတိပြုခဲ့ပါတယ်။
လေ့ကျင့်ရေးနဲ့ တခြား ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့လည်း လိုနေပါသေးတယ်။
ခိုင်ခံ့တဲ့ သေနတ်ပါတဲ့ သံချပ်ကာယာဉ်ဖြစ်တဲ့ ဘရက်ဒ်လေကို ၁၉၈၀ ပြည့်လွန်နှစ်တွေရဲ့ အလယ်ပိုင်းကတည်းက စစ်မြေပြင်တွေမှာ တပ်တွေသယ်ဆောင်ဖို့ အမေရိကန်စစ်တပ်က အဓိက အသုံးပြုခဲ့ပါတယ်။