close

ဘရာဇီးဂန္ထဝင်ကစားသမား

close

December 7, 2022

ဘရာဇီးဂန္ထဝင်ပီလီ၏ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာ

ဆေးရုံမှာ တက်ရောက် ဆေးကုသမှုခံယူနေရတဲ့ ဘရာဇီးဂန္ထဝင်ကစားသမားကြီး ပီလီရဲ့ ကျန်းမာရေးအခြေအနေဟာ တိုးတက်ကောင်းမွန်လာတဲ့ အခြေအနေရောက်ရှိနေပြီလို့သိရပါတယ်။

အစောပိုင်းကပီလီဟာ အူမကြီးကင်ဆာကို ကုသဖို့ ဓာတုကုထုံးကို ဆိုင်းငံထားလိုက်ရကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပြီး နောက်ဆုံးအချိန်ရောက်နေပြီလို့ သတင်းတွေကဖော်ပြခဲ့ကြတာပါ။

ဒါပေမဲ့ အဲဒီသတင်းတွေကို ပီလီရဲ့မိသားစုက ငြင်းဆန်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာနေပြီလို့ ဘရာဇီး သတင်းစာတွေက ဖော်ပြကြပါတယ်။

ပီလီဟာ ကိုဗစ်ရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ အသက်ရှူလမ်းကြောင်းထဲပိုးဝင်ခဲ့တာကို ဆာအိုပေါ်လိုဆေးရုံမှာ ကုသမူခံယူခဲ့ရပါသေးတယ်။

ပီလီဟာ ဘရာဇီးအသင်းနဲ့ တောင်ကိုရီးယားပွဲစဉ်မတိုင်ခင်ကလည်း  ကျန်းမာရေး ကောင်းမွန်နေဆဲ ဖြစ်ပြီး ဆေးရုံပေါ်ကနေကြည့်ရူအားပေး နေမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။ ပီလီဟာ ကစား သမားဘဝက ဘရာဇီးနဲ့အတူ ကမ္ဘာ့ချန်ပီယံ ၃ ကြိမ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။

3 mins Ago
Up