close

ဘရာဇီးနည်းပြ

close

December 21, 2022

စာချုပ်သက်တမ်းကုန်ချိန်အထိ ရီးရဲလ်တွင် ဆက်ရှိမည်ဟု နည်းပြ အန်ဆယ်လော့တီပြော

စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၄ ခုနှစ် ဇွန်လအထိ စပိန်ကလပ်မှာပဲ ဆက်နေဖို့ စီစဉ်ထားတယ်လို့  ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက ပြောပါတယ်။

နည်းပြ အန်ဆယ်လော့တီအနေနဲ့ ဘရာဇီးလ်လက်ရွေးစင်အသင်းဆီ ပြောင်းရွှေ့နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် အခုလို ထုတ်ဖော်ပြောဆိုလာတာလည်း ဖြစ်ပါတယ်။

လာလီဂါ၊ စပိန်စူပါဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ကာကွယ်ဖို့နဲ့ ဖေဖော်ဝါရီမှာ ကစားမယ့် ကလပ်ကမ္ဘာ့ဖလားအတွက် ပြင်ဆင်မှုနေတာကြောင့် မက်ဒရစ်မှာပဲ သူ့ရဲ့လက်ရှိတာဝန်ကို ဆက်လက်အာရုံစိုက်ထားတယ်လို့ အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီက ဆိုပါတယ်။

အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာကို မသိပေမဲ့ တရက်ပြီးတရက်အတွက်ပဲ လုပ်ကိုင် နေထိုင်နေတယ်လို့ မီဒီယာကို ပြောပါတယ်။

လက်ရှိ ရီးရဲလ်မှာ ပျော်ရွှင်နေသလို စာချုပ်ကလည်း ၂၀၂၄ ဇွန်လထိ ရှိနေမှာဖြစ်ပြီး အသင်းက မလိုတော့ဘူးဆိုရင်တော့ ပြောင်းရွှေ့သွားမှာပါလို့လည်း အန်ဆယ်လော့တီက  ပြောပါတယ်။

8 mins Ago
Up