ဘရာဇီးနိုင်ငံက ကော်ဖီ ထုတ်လုပ်မှုဟာ သဘာဝဘေးအန္တရာယ်၊ ကိုဗစ် ကပ်ဘေး၊ ရုရှားနဲ့ ယူကရိန်း စစ်ပွဲတို့ကြောင့် ကျဆင်းနေပါတယ်။
ဆော်ပေါ်လိုမြို့မှာရှိတဲ့ ဒီနယ်မြေဟာ နာမည်ကြီး ဘရာဇီး ကော်ဖီ ထုတ်လုပ်မှုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၀၀၀မှာ တည်ရှိပြီး အရည်အသွေးမြင့် ကော်ဖီစေ့တွေ ထွက်တဲ့ ဒေသဖြစ်ပါတယ်။
စိုက်ခင်း တခုတည်းမှာ ကော်ဖီ အပင် ၇ သန်း ရှိပြီး သုံးလတကြိမ်ကို ကော်ဖီစေ့တန်ချိန် ၂၁၀၀ ထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ အစွန်းရောက် ရာသီဥတုနဲ့ ရာသီဥတု ပြောင်းလဲမှုတို့ကြောင့် ကော်ဖီအထွက်ကျဆင်းနေပါတယ်။
၂၀၂၁ ခုနှစ်အတွင်း နှင်းခဲချိန် ရှည်ကြာတဲ့အတွက် နှင်းကိုက်ထားတဲ့ ၄၀ စင်တီမီတာလောက် အကိုင်းတွေကို ဖြတ်တောက်ခဲ့ရပါတယ်။
ကော်ဖီ စိုက်ခင်းရဲ့ မန်နေဂျာ Ubion Terra က ဒီလို နှင်းကိုက်ထားတဲ့ ကော်ဖီပင်တွေဟာ ၂ နှစ်လောက်အထိ အသီးမသီးနိုင်တော့ဘူးလို့ ပြောပြပါတယ်။
“မနှစ်က မိုးခေါင်လိုက်၊ နှင်းခဲလိုက်ဆိုတော့ ဒီနှစ် ကော်ဖီအထွက်ကျဆင်းသွားတယ်” လို့ ဆိုပါတယ်။
ဘရာဇီးဟာ ကမ္ဘာမှာ ကော်ဖီထုတ်လုပ်၊ တင်ပို့ရာမှာ ဒုတိယ ဖြစ်ပါတယ်။
ဒီနှစ် ကော်ဖီ တင်ပို့မှုဟာ ၂၀၂၀ နဲ့ နှိုင်းယှဉ်ရင် ၁၅ဒသမ ၃ ရာခိုင်နှုန်အထိ ကျဆင်းသွားမယ်လို့ အစိုးရက ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေက ပြနေပါတယ်။
ဒါတင်မက ဘရာဇီးရဲ့ ကော်ဖီ စိုက်ခင်းတွေဟာ နိုင်ငံခြားကနေ တင်သွင်းတဲ့ ဓာတ်မြေသြဇာ ၈၅ ရာခိုင်နှုန်းကို အသုံးပြုနေရပါတယ်။
အခုတော့ ရုရှားနဲ့ ယူကရိန်း စစ်ကြောင့် ရုရှားနဲ့ ဘီလာရုက ဓာတ်မြေသြဇာ ဖြန့်ဖြူးမှုမှာ အကန့်အသတ်တွေ ရှိလာပြီး ဘရာဇီး ကော်ဖီ ထုတ်လုပ်မှုမှာလည်း ပြဿနာတွေ ကြုံလာ ရတယ်လို့ မန်နေဂျာ Terra က ပြောပါတယ်။
လောလောဆယ်မှာ ဓာတု ဓာတ်မြေသြဇာ ဈေးနှုန်းတွေဟာ သုံးဆခွဲကျော် မြင့်တက်နေပြီး မနှစ်က တတန်ကို အမေရိကန် ဒေါ်လာ ၃၅၀ ရှိခဲ့ရာကနေ အခုတော့ ဒေါ်လာ ၁၃၀၀ အထိ ပေးနေရပါတယ်။
ခေါင်ခိုက်နေတဲ့ ဓာတုဓာတ်မြေသြဇာတွေကို မသုံးနိုင်တော့တာကြောင့် ကော်ဖီစိုက် တောင်သူ တွေဟာ အခုအခါမှာ ဒေသထွက် ဓာတ်မြေသြဇာ၊ ဇီ၀ ဓာတ်မြေသြဇာတွေကို စမ်းသပ် ပြောင်းလဲ အသုံးပြုနေရတယ်လို့ ဆိုပါတယ်။
အခုလို ရာသီဥတုနဲ့ ဓာတ်မြေသြဇာ ဈေးနှုန်းမြင့်တက်မှုအပြင် သယ်ယူပို့ဆောင်စရိတ်ကလည်း ၃ ဆကနေ ၅ ဆအထိ မြင့်တက်နေပေမဲ့ ကော်ဖီ ဈေးနှုန်းက နှစ်ဆပဲ တက်တဲ့အတွက် ဘရာဇီးက ကော်ဖီစိုက် တောင်သူတွေဟာ အရင်နှစ်တွေကလောက် တွက်ခြေမကိုက်ဘဲ ဖြစ်နေပါတယ်။
ဘရာဇီးနိုင်ငံမှာ အင်အားသုံးသတ္တုတူးဖော်မှုကြောင့် ဆိုးဆိုးရွားရွား တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တဲ့ ဇာတိမြေပိုင်ဆိုင်မှုဆိုင်ရာ တရားရုံးအဆုံးအဖြတ် ဆိုင်းငံ့ထားဆဲကာလမှာ စက်တင်ဘာ ၁၀ ရက်က မြို့တော်ဘရာစီလီယာမှာ ဒေသခံအမျိုးသမီးတွေ ဦးဆောင်ပြီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
“ငါတို့ဟာ ငါတို့မြေအတွက် တိုက်ပွဲဝင်နေတာဖြစ်ပြီး သူတို့က ငါတို့မြေတွေကို ကျူးကျော်လာတာ” လို့ ဆန္ဒပြအမျိုးသမီး တစ်ယောက်က ပြောပါတယ်။
နိုင်ငံရဲ့ထိပ်တန်းတရားရုံးဟာ ၁၉၈၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုချိန်တုန်းက ဌာနေမျိုးနွယ်စုတွေ နေထိုင်နေတဲ့နေရာကို ဇာတိမြေအဖြစ် အသိအမှတ်ပြုပေးမယ်လို့ ဖော်ပြ ကြေညာထားတဲ့ ၂၀၁၆ ခုနှစ်က ဘရာဇီးအစိုးရတွေ ချမှတ်ခဲ့တဲ့ နေရာတခုကို စဉ်းစားသုံးသပ်နေ တာ ဖြစ်ပါတယ်။
တရားရုံးကနေ ဆိုင်းငံ့ထားတဲ့ မြေယာပိုင်ဆိုင်ခွင့်အမှုပေါင်း ၂၃၀ ထဲက အတော်များများဟာ အမေဇုန်မှာ သစ်တောပြုန်းတီးမှုကိုဆန့်ကျင်နေတာဖြစ်ပြီး စီရင်ချက်က အဲ့ဒါတွေအပေါ် သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။
ဌာနေတိုင်းရင်းသားတွေအတွက် တရားရုံးမှာ ရှုံးနိမ့်ခြင်းဟာ သမ္မတ ဘော်ဆိုနာရို ထောက်ခံထားတဲ့ ဌာနေအခွင့်အရေးတွေ ပြန်ရဖို့အတွက် ချထားတဲ့ပုံစံတခုဖြစ်ပြီး အင်အားကြီးတဲ့ လယ်ယာစိုက်ပျိုးရေး အကျိုးစီးပွားတွေနဲ့ ကျောထောက်နောက်ခံ ပြုထားပါတယ်။
ဘရာဇီးလူမျိုးတွေရဲ့ ၁ ရာခိုင်နှုန်းထက်နည်းတဲ့ ဌာနေတိုင်းရင်းသားတွေဟာ နိုင်ငံရဲ့ နယ်မြေ ၁၃ ရာခိုင်နှုန်း ကျော်မှာ နေထိုင်ပြီးတော့ မဖွံ့ဖြိုးသေးတဲ့ ဓာတ်သတ္တုစည်းစိမ်ပုံကြီးပေါ်မှာ ထိုင်နေတာလို့ ဘော်ဆိုနာရို က မကြာခဏ ပြောလေ့ရှိပါတယ်။