close

ဘရာဇီးလ်ရဲတပ်ဖွဲ့

close

January 10, 2023

ဘရာဇီးလ်လွှတ်တော်နှင့် သမ္မတရုံးကို ဝင်ရောက်စီးနင်းခဲ့သူ ၂၀၀ ကျော် ဖမ်းဆီးခံရ

ဘရာဇီးလ်နိုင်ငံမှာ လွှတ်တော်၊ သမ္မတရုံးနဲ့ တရားရုံးချုပ် အဆောက်အအုံတွေကို ဝင်ရောက်စီးနင်းမှုမှာ ပါဝင်ခဲ့တဲ့ လူ ၂၀၀ ထက်မနည်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ တရားရေးဝန်ကြီး ဖလာဗီရို ဒီနိုက ဇန်နဝါရီ ၈ ရက်မှာ ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ရဲတပ်ဖွဲ့ဌာနချုပ်ဆီ လွှဲပြောင်းထားတယ်လို့လည်း ဘရာဇီးလ် ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ပြည်ထောင်စုအစိုးရရုံးချုပ်တွေမှာ လုံခြုံရေးအားကောင်းနေစေဖို့ ဇန်နဝါရီ ၉ ရက်ကစလို့ တပ်ထိန်းရဲတွေကို နေရာချထားတော့မယ်လို့လည်း တရားရေးဝန်ကြီးက ဖြည့်စွက်ပြောပါတယ်။

ဘရာဇီးလ် လက်ယာစွန်းသမ္မတဟောင်း ဘော်ဆိုနာရိုအပေါ် ထောက်ခံသူတွေက နိုင်ငံရဲ့ လွှတ်တော်၊ သမ္မတအိမ်တော်နဲ့ တရားရုံးချုပ်တို့ကို ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဝင်ရောက်ကျူးကျော်ခဲ့ကြပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်စေခဲ့တာပါ။

ဒီသောင်းကျန်းမှုကြောင့် လူသေဆုံးမှု ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရရှိမှု သတင်းကိုတော့ ချက်ချင်းမရရှိသေးဘူးလို့ သိရပါတယ်။

ကျူးကျော်ဝင်ရောက်သူတွေက ဝင်ရောက်ဖျက်ဆီးခဲ့ကြပြီးနောက် သမ္မတအိမ်တော်ရှိ ပြတင်းပေါက်တွေကို ပရိဘောဂတွေနဲ့ ပစ်ခတ်ရိုက်ချိုးခဲ့တာပါ။

အလိုအလျောက် မီးသတ်ပေးတဲ့ ရေဖျန်းစနစ်တွေနဲ့အတူ ကွန်ဂရက်လွှတ်တော် နေရာတချို့ကိုလည်း ရေကြီးစေခဲ့ပါတယ်။ ဒါ့အပြင် တရားရုံးချုပ်မှာရှိတဲ့ အခမ်းအနား ကျင်းပတဲ့ အခန်းတွေကိုပါ ဝင်ရောက်မွှေနှောက်ခဲ့ကြတယ်လို့ သိရပါတယ်။

7 mins Ago
Up