close

ဘရာဇီးသမ္မတ နုတ်ထွက်ရေး

close

April 10, 2022

ဘရာဇီးသမ္မတ နုတ်ထွက်ပေးရန် ဌာနေတိုင်းရင်းသားများ ချီတက်ဆန္ဒပြ

ဘရာဇီးနိုင်ငံ မြို့တော်ဘရာဆီလာမှာ ဧပြီ ၉ ရက်နေ့ ဌာနေတိုင်းရင်းသားတွေ စုဝေးပြီး သမ္မတဘိုလ်ဆိုနာရို နုတ်ထွက်ပေးဖို့ ချီတက်ဆန္ဒပြခဲ့ပါတယ်။ 

ဌာနေတိုင်းရင်းသားအုပ်စုတွေက ဘရာဆီလာမြို့လယ်ကောင်မှာ ဧပြီ ၄ ရက်နေ့ကတည်းက ကမ့်ထိုးစုဝေးခဲ့ပြီး ဧပြီ ၁၄ ရက်နေ့အထိ ဆန္ဒပြသွားမှာပါ။ 

သူတို့က အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ လောင်စာဆီ စားသောက်ကုန် ဈေးမြင့်မားမှုတွေ ကျဆင်းဖို့ကို တောင်းဆိုကြတာပါ။ 

ဆန္ဒပြသူအချို့က  ‘ဘိုလ်ဆိုနာရို ထွက်သွား’ ဆိုတဲ့ ပိုစတာကို ကိုင်ထားပြီး သမ္မရုပ်ပုံကိုလည်း မီးရှို့ခဲ့ပါတယ်။ ဌာနေတိုင်းရင်းသားအုပ်စု ခေါင်းဆောင်တွေကတော့ သူတို့မြေတွေမှာ မိုင်းတူးဖော်ခွင့် ပေးခဲ့တဲ့ ဥပဒေတွေကို ပြန်ရုပ်သိမ်းဖို့ တောင်းဆိုပါတယ်။

49 seconds Ago
Up