close

ဘရာဇီးသမ္မတ

close

March 4, 2023

ယူကရိန်း-ရုရှားပဋိပက္ခ အဆုံးသတ်ရေး နိုင်ငံများကို တိုက်တွန်းမည်ဟု ဘရာဇီးသမ္မတပြော

ဘရာဇီးသမ္မတ လူးဝစ္စ အင်နာစီယို လူလာဒါဆေးလ်ဗားဟာ ယူကရိန်းနဲ့ ရုရှားကြား ပဋိပက္ခတွေ အဆုံးသတ်ဖို့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ နိုင်ငံတွေကို ပါဝင်ကြဖို့ကို သူက တိုက်တွန်းမယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးကို မတ်လ ၂ ရက်က ပြောကြားခဲ့ပါတယ်။ 

ဘာရဇီးသမ္မတ လူလာက “တခြားနိုင်ငံတွေနဲ့ ဆွေးနွေးပြီးတော့ ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်တဲ့ ဘယ်လိုအစပျိုး လုပ်ဆောင်ချက်မှာမဆို ပူးပေါင်းပါဝင်သွားမယ့် ဘရာဇီးနိုင်ငံရဲ့ ဆန္ဒကို ထပ်လောင်းအတည်ပြုခဲ့တာဖြစ်ပြီးတော့ စစ်ကိုဘယ်သူမှ မလိုလားပါဘူး”လို့ ယူကရိန်းသမ္မတနဲ့ ဗီဒီယိုခေါ်ဆိုမှုအပြီး တွစ်တာမှာ ပြောထားပါတယ်။

ယူကရိန်းသမ္မတကလည်း သူ့ရဲ့ ညစဉ် တိုင်းပြည်ကို ပြောတဲ့မိန့်ခွန်းထဲမှာ သူနဲ့ လူလာ တို့ဟာ သူတို့ရဲ့ငြိမ်းချမ်းရေးဖော်မြူလာကို အကောင်အထည်ဖော်မယ့် နိုင်ငံတကာ ကြိုးပမ်းအားထုတ်မှု တွေကို ဆွေးနွေးခဲ့ကြကြောင်း ထည့်သွင်း ပြောကြားသွားပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့သီတင်းပတ်က ငြိမ်းချမ်းရေးတောင်းဆိုပြီး မော်စကိုတပ်တွေ ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့တဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ဘရာဇီးလ်ရဲ့  ထောက်ခံမဲ ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ဇလန်းစကီးက ပြောကြားခဲ့ပါတယ်။ 

ကုလဆုံးဖြတ်ချက်ဟာ ယူကရိန်းရဲ့ကိုယ့်နယ်မြေကိုယ် စိုးမိုးရေးကို ကာကွယ်တာဖြစ်လို့ ဘရာဇီးက ထောက်ခံမဲ ပေးခဲ့တာဖြစ်ကြောင်း ဘရာဇီးသမ္မတ လူလာက ပြောပါတယ်။

လက်ဝဲဝါဒီ ဘရာဇီးခေါင်းဆောင်ဟာ စစ်ပွဲကို ငြိမ်းချမ်းတဲ့နည်းနဲ့ ပြေလည်အောင် ဖြေရှင်းပေးနိုင်တဲ့ နိုင်ငံတွေရဲ့ အုပ်စုဖွဲ့ရေးကို ထောက်ခံအားပေးနေပါတယ်။ 

ဘရာဇီးသမ္မတ လူလာဟာ နောက်လမှာ ပေကျင်းကိုသွားရင် တရုတ်အစိုးရနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကြိုးပမ်းချက်တွေကို ဆွေးနွေးမှာဖြစ်ပြီး ရုရှားနဲ့လည်း ဆွေးနွေးသွားမယ်လို့ သူ့ရဲ့ ရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

1 hour Ago

December 28, 2022

ဘရာဇီးသမ္မတ တည်းခိုရာနေရာအနီး ဗုံးလန့်မှုဖြစ်ပွား

ဘရာဇီး ရွေးကောက်ခံသမ္မတ လူးဝစ္စ အင်နာစီယို လူလာ ဒါ ဆေးလ်ဗား တည်းခိုရာနေရာ အနီးမှာ ကိုယ်ပိုင်ပစ္စည်းတွေသာပါရှိတဲ့ ကျောပိုးအိတ်တလုံးကို တွေ့ရှိခဲ့ပြီး ဗုံးလန့်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့တော် ဘရပ်စီလီယာ ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။

စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာကြောင့် စစ်ရဲတွေ၊ မီးသတ်သမားတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ လူလာ တည်းခိုရာ ဟိုတယ်တဝိုက်က အကာအရံ ပိတ်ဆို့ထားတဲ့ နေရာတွေကို လှည့်ပတ် စစ်ဆေးကြည့်ရှုခဲ့ကြပါတယ်။

လူလာ ရာထူးမထမ်းဆောင်မီ ရက်ပိုင်းအလိုမှာပဲ ဗုံးရှင်းလင်းရေးအဖွဲ့ကို ခေါ်လိုက်ရတယ် ဆိုတဲ့ သတင်းကြောင့် မျိုးဆက်တခုအတွင်း အဆိုးရွားဆုံး ရွေးကောက်ပွဲအပြီး မြို့တော် ဘရပ်စီလီယာဝန်းကျင်မှာ ထိတ်လန့်တုန်လှုပ်နေကြတာပါ။

ဘရပ်စီလီယာရဲတပ်ဖွဲ့က သူတို့ဟာ ဗုံးဖောက်ခွဲဖို့ ကြံစည်မှုကို တားဆီးခဲ့ပြီး စစ်တပ်ဌာနချုပ် အပြင်ဘက်မှာ စခန်းချပြီးတော့ လူလာရဲ့ ရွေးကောက်ပွဲအောင်ပွဲကို ပြောင်းပြန်လှန်ပစ်ဖို့ စစ်တပ်ကို တိုက်တွန်းခဲ့တဲ့ ဘော်ဆိုနာရိုကို လိုလားသူများအဖွဲ့နဲ့ အချိတ်အဆက်ရှိတဲ့ အမျိုးသားတဦးကို ဖမ်းဆီးခဲ့ကြောင်း ပြောပါတယ်။

မြို့တော်မှာ နိုင်ငံရေးတင်းမာမှုတွေကြောင့် လူလာရဲ့အဖွဲ့ကို တနင်္ဂနွေနေ့ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် လုံခြုံရေးဆိုင်ရာ စည်းမျဉ်းတွေကို တင်းကျပ်ထားဖို့ တွန်းအားပေးခဲ့ကြောင်း အသစ်ဝင်လာတဲ့ တရားရေးဝန်ကြီး ဖလာဗီယို ဒီနိုက ဒီဇင်ဘာ ၂၆ ရက်မှာ ပြောပါတယ်။

2 months Ago
Up