close

ဘရာဇီးအောက်လွှတ်တော်အမတ်

close

October 26, 2022

ရဲအရာရှိများကိုသတ်ရန် ကြိုးပမ်းမှုဖြင့် ဘရာဇီးအောက်လွှတ်တော်အမတ်ဟောင်းကို စွဲချက်တင်

ဘရာဇီးသမ္မတ ဂျိုင်းရ် ဘော်ဆိုနာရိုရဲ့ မဟာမိတ်ဖြစ်တဲ့ အောက်လွှတ်တော်အမတ်ဟောင်း ရောဘတ်တို ဂျက်ဖာဆင်ကို ရဲအရာရှိတွေနဲ့ အပြင်းအထိန် ထိပ်တိုက်တွေ့မှုအတွင်း လူသတ်မှု ကျူးလွန်ဖို့ ကြိုးပမ်းမှု ၄ မှုနဲ့ ဖက်ဒရယ်ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၄ ရက်မှာ စွဲချက်တင်လိုက်ပါတယ်။

သူဟာ တရားရုံးတွေကို ခြိမ်းခြောက်တဲ့ ဒီမိုကရေစီဆန့်ကျင်ရေး လုပ်ရပ်တွေကို စီစဉ်ကြောင်း စွပ်စွဲခံထားရပြီး နေအိမ်အကျယ်ချုပ် ကျခံထားရသူ ဖြစ်ပါတယ်။

ဂျက်ဖာဆင်ဟာ အွန်လိုင်းမှာ တရားသူကြီးတဦးကို တိုက်ခိုက်တဲ့ မှတ်ချက်တွေ ရေးခဲ့ပြီးနောက် အောက်တိုဘာ ၂၃ ရက်နေ့မှာတော့ ဖက်ဒရယ်ရဲတပ်ဖွဲ့ အရာရှိတွေက တရားရုံးချုပ်ရဲ့ အမိန့်အရ သူ့ကိုဖမ်းဆီးဖို့ နေအိမ်ကို သွားရောက်ရာ သူက ရဲကားကို သေနတ်နဲ့ပစ်ခတ်ခဲ့ပြီး လက်ပစ်ဗုံးတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း ရဲအရာရှိ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး အမတ်ဟောင်း ဂျက်ဖာဆင်ရဲ့ ညှိနှိုင်း လက်နက်ချချိန်အထိ ၈ နာရီကျော် ကြာခဲ့ပါတယ်။

ဂျက်ဖာဆင်ရဲ့ အပြုအမူဟာ အောက်တိုဘာ ၃၀ ရက် ယှဉ်ပြိုင်မှုမှာ လက်ဝဲဝါဒီသမ္မတဟောင်း လူဝစ်ဇ် အင်နာစီယို လူလာ ဒါ ဆေးလ်ဗားကို အနိုင်ယူဖို့ ကြိုးပမ်းနေတဲ့ လက်ယာသမား ဘော်ဆိုနာရိုအတွက် အကြီးအကျယ် ခေါင်းကိုက်စေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

59 seconds Ago
Up