close

ဘရိုက်တန် နည်းပြ

close

December 31, 2022

အာဆင်နယ်ပစ်မှတ် မူဒရစ်ခ်ဟာ ဘလွန်းဒီအောဆုရနိုင်ဟု ဘရိုက်တန် နည်းပြချီးကျူး

အာဆင်နယ်အသင်းကခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ယူကရိန်းကြယ်ပွင့် မိုင်ခိုင်လို မူဒရစ်ခ်ဟာ ဘလွန်းဒီအောကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရနိုင်သူဖြစ်တယ်လို့ ဘရိုက်တန်နည်းပြ ကချီးကျူးပါတယ်။

ဘရိုက်တန်နည်းပြ ဒီဇာဘီဟာ ပြီးခဲ့တဲ့ရာသီက ရှက်တာဒိုးနက်အသင်းကို ကိုင်တွယ်ခဲ့စဉ်မှာ လူငယ်ကြယ်ပွင့်ကစားသမား မူဒရစ်ခ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့သူပါ။

မူဒရစ်ခ်ဟာ နှစ်သက်စရာကောင်းတဲ့ ကစားသမားဖြစ်ပြီး ဘရိုက်တန်အသင်းကမဝယ်ယူနိုင်ပေမယ့် အာဆင်နယ်က ခေါ်ယူနိုင်မလားဆိုတာမသိနိုင်ကြောင်း နည်းပြ ဒီဇာဘီကပြောပါတယ်။

“မူဒရစ်ခ်က တချိန်မှာ ဘလွန်းဒီအောဆုတောင်ရရှိနိုင်တယ်လို့ ထင်ပါတယ်။ ကျနော်က သူ့ရဲ့တန်းဖိုးကိုသိပါတယ်။ ဒါကြောင့်လည်း ဘလွန်းဒီအောဆုရဖို့ အလားအလာရှိတာဖြစ်တယ်” လို့ နည်းပြဒီဇာဘီက ပြောပါတယ်။

အာဆင်နယ်အသင်းဘက်က မူဒရစ်ခ်အတွက် ပေါင် ၅၇ သန်းနဲ့ ကမ်းလှမ်းချက် ပယ်ချခံခဲ့ရပေမယ့် ပြောင်းရွှေ့ကြေးဆက်ပြီးညှိနှိုင်း နေတယ်လို့သိရပါတယ်။

9 mins Ago
Up