မန်ချက်စတာယူနိုက်တက်အသင်း သမိုင်းမှာ အကောင်းဆုံးအသင်းခေါင်းဆောင်က ဘရိုင်ယန်ရော့ဆင် ဖြစ်တယ်လို့ နည်းပြဟောင်း ဖာဂူဆန်က ပြောပါတယ်။
ဆုဖလားတွေ အများဆုံးရယူနိုင်ခဲ့တဲ့ ရွိုင်ကိန်းကို ကျော်လွန်ပြီး ဘရိုင်ရော့ဆင်ကို ဖာဂူဆန်က အကောင်းဆုံးအသင်း ခေါင်းဆောင်အနေနဲ့ ရွေးချယ်ပေးခဲ့တာပါ။
အိုင်ယာလန်သား ရွိုင်ကိန်းဟာ ဖာဂူဆန်နဲ့အတူ ဆုဖလား ၁၇ လုံးအထိ ရရှိခဲ့ပေမယ့် ဘရိုင်ယန်ရော့ဆင်က ဆုဖလား ၇ လုံးသာ ရရှိခဲ့တာပါ။
လက်ရှိအချိန်မှာ ယူနိုက်တက်ရဲ့ ကမ္ဘာလုံးဆိုင်ရာသံတမန်အဖြစ် ခန့်အပ်ထားတဲ့ ရော့ဆင်ဟာ ၁၉၈၁ ခုနှစ်ကနေ ၁၉၉၄ ခုနှစ်အထိ ယူနိုက်တက်မှာ ၁၃ နှစ်ကြာ ကစားခဲ့သူ ဖြစ်ပါတယ်။
ဘရိုင်ယန်ရော့ဆင်ကို ကစားသမားတွေက ချစ်ခင်နှစ်သက်သလို ကွင်းထဲမှာလည်း ဆုံးဖြတ်ချမှတ်နိုင်သူဖြစ်ပြီး မိမိအနေနဲ့ လှည့်ကြည့်စရာတောင် မလိုအပ်တဲ့ အသင်းခေါင်းဆောင် ဖြစ်တယ်လို့ ဖာဂူဆန်က ချီးကျူးခဲ့ပါတယ်။
ဖာဂူဆန်ဟာ အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းနဲ့ပတ်သက်ပြီး သူ့ရဲ့ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်မှာ ဝေဖန်ရေးသားခဲ့ဖူးပြီး ရွိုင်ကိန်းလည်း အငြင်းပွားမှုတချို့ လုပ်ဆောင်ခဲ့ပါသေးတယ်။