close

ဘရောင်းဂျက်ဆင်

close

March 24, 2022

ရီပတ်ဘလစ်ကန်ပါတီ စွပ်စွဲချက်ကို သမ္မတ ဂျိုးဘိုင်ဒင် တင်သွင်းသည့် အမျိုးသမီး တရားသူကြီး ပယ်ချ

ကလေးညစ်ညမ်းရုပ်ရှင်တွေနဲ့ ပတ်သက်တဲ့ အမှုတွေမှာ တရားသူကြီးအဖြစ်နဲ့ သက်သက်ညှာညှာ စီရင်ခဲ့တယ်ဆိုတဲ့ ရီပတ်ဘလစ်ကင် ပါတီဝင်တွေရဲ့ စွပ်စွဲချက်တွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တရားရုံးချုပ် တရားသူကြီးအဖြစ် နာမည်စာရင်း တင်သွင်းထားတဲ့ခဲ့ တန်းဂျီး ဘရောင်း ဂျက်ဆင်က မတ်လ ၂၂ ရက်မှာ ပယ်ချလိုက်ပါတယ်။

ဂျက်ဆင်ဟာ အထက်လွှတ်တော် တရားရေးကော်မရှင် အတည်ပြု ကြားနာပွဲမှာ ဒုတိယနေ့အဖြစ် ငြင်းချက်ထုတ်နေတာပါ။

အထက်လွှတ်တော်အမတ် ဂျော့ရှ် ဟော်လီ အပါအဝင် ရီပတ်ဘလစ်ကင် ပါတီဝင် အမတ်တွေ အတော်များများက ကလေးညစ်ညမ်းရုပ်ရှင်တွေနဲ့ ပတ်သက်တဲ့ အမှုအပေါ် မေးမြန်းချက်တွေကို အာရုံစိုက်ခဲ့ကြပါတယ်။

ဂျက်ဆင်ကတော့ သူကိုယ်တိုင် မိခင်တယောက်ဖြစ်လို့ ကလေးတွေအပေါ် လိင်ပိုင်း ရာဇဝတ်မှုနဲ့ ပတ်သက်တဲ့ အမှုတွေဆိုရင် အရမ်းခံစားရတယ်လို့ ပြောပါတယ်။

ပြည်ထောင်စုတရားသူကြီးတွေဟာ ကလေးညစ်ညမ်းရုပ်ပုံ စာပေ ရုပ်ရှင်တွေနဲ့ ပတ်သက်တဲ့ အမှုတွေအတွက် ပြစ်ဒဏ်တွေ ပုံမှန်ချမှတ်လေ့ရှိတယ်၊ ပြစ်ဒဏ်တွေဟာ တခါတရံ သက်ညှာလွန်းပြီး တခါတရံ ပြင်းထန်လွန်းတယ်လို့ အောက်လွှတ်တော်က ပြောပါတယ်။

ဂျက်ဆင်ရဲ့ အတည်ပြုချက်ဟာ တရားရုံးရဲ့ အတွေးအခေါ်ဆိုင်ရာ ဟန်ချက်ညီမှုကို မပြောင်းလဲစေနိုင်ပါဘူး။

သမ္မတ ဂျိုးဘိုင်ဒင်ဟာ အငြိမ်းစားယူသွားပြီဖြစ်တဲ့ လစ်ဘရယ် တရားရေးဝန်ကြီး စတီဖန် ဘရေယာရဲ့ နေရာကို ဆက်ခံဖို့ ဂျက်ဆင်ကို နာမည်စာရင်း တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဂျက်ဆင်က တရားရုံးချုပ် တရားသူကြီး ဖြစ်လာဖို့ အတည်ပြုရာမှာ မဲအများစု လိုအပ်ပြီး တကယ်လို့ ဒီမိုကရက်ပါတီဝင် အမတ်တွေက မဲပေးရာမှာ ဆက်ပြီး ညီညွတ်နေမယ်ဆိုရင် တရားရုံးချုပ် တရားသူကြီး ဖြစ်လာလိမ့်မယ်လို့ ရိုက်တာသတင်းမှာ သုံးသပ်ထားပါတယ်။

50 seconds Ago
Up