close

ဘလွန်းဒီအောဆု

close

December 31, 2022

အာဆင်နယ်ပစ်မှတ် မူဒရစ်ခ်ဟာ ဘလွန်းဒီအောဆုရနိုင်ဟု ဘရိုက်တန် နည်းပြချီးကျူး

အာဆင်နယ်အသင်းကခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ယူကရိန်းကြယ်ပွင့် မိုင်ခိုင်လို မူဒရစ်ခ်ဟာ ဘလွန်းဒီအောကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရနိုင်သူဖြစ်တယ်လို့ ဘရိုက်တန်နည်းပြ ကချီးကျူးပါတယ်။

ဘရိုက်တန်နည်းပြ ဒီဇာဘီဟာ ပြီးခဲ့တဲ့ရာသီက ရှက်တာဒိုးနက်အသင်းကို ကိုင်တွယ်ခဲ့စဉ်မှာ လူငယ်ကြယ်ပွင့်ကစားသမား မူဒရစ်ခ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့သူပါ။

မူဒရစ်ခ်ဟာ နှစ်သက်စရာကောင်းတဲ့ ကစားသမားဖြစ်ပြီး ဘရိုက်တန်အသင်းကမဝယ်ယူနိုင်ပေမယ့် အာဆင်နယ်က ခေါ်ယူနိုင်မလားဆိုတာမသိနိုင်ကြောင်း နည်းပြ ဒီဇာဘီကပြောပါတယ်။

“မူဒရစ်ခ်က တချိန်မှာ ဘလွန်းဒီအောဆုတောင်ရရှိနိုင်တယ်လို့ ထင်ပါတယ်။ ကျနော်က သူ့ရဲ့တန်းဖိုးကိုသိပါတယ်။ ဒါကြောင့်လည်း ဘလွန်းဒီအောဆုရဖို့ အလားအလာရှိတာဖြစ်တယ်” လို့ နည်းပြဒီဇာဘီက ပြောပါတယ်။

အာဆင်နယ်အသင်းဘက်က မူဒရစ်ခ်အတွက် ပေါင် ၅၇ သန်းနဲ့ ကမ်းလှမ်းချက် ပယ်ချခံခဲ့ရပေမယ့် ပြောင်းရွှေ့ကြေးဆက်ပြီးညှိနှိုင်း နေတယ်လို့သိရပါတယ်။

9 mins Ago

May 29, 2022

ချန်ပီယံလိဂ်ဆုဖလားရပြီးနောက် ဘလွန်းဒီအောဆုရရှိရန် ဘင်ဇီမာ မျှော်မှန်း

ဥရောပချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်ပြီးနောက် ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဘောလုံး သမားဆုပါရရှိဖို့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဘင်ဇီမာက မျှော်လင့်ထားပါတယ်။ 

ရီးရဲလ်အသင်းဟာ လီဗာပူးနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မှာ ဗင်နီဆီးယက်စ်ရဲ့ သွင်းဂိုးနဲ့ တဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ၁၄ ကြိမ်မြောက်ဥရောပချန်ပီယံအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ 

ချန်ပီယံဆု ဖလားရယူနိုင်ခဲ့အပြီးမှာ ရီးရဲလ်အသင်းက ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်ပြီး အနိုင်ရလဒ်နဲ့ ထိုက်တဲ့အသင်းဖြစ်ကြောင်း၊ ဘလွန်းဒီအောဆုရဖို့အတွက် အရေးပါတဲ့ ဆုဖလားဖြစ်ကြောင်း တိုက်စစ် မှူး ဘင်ဇီမာက ပြောပါတယ်။

“ဒီဆုဖလားရယူနိုင်ခဲ့တာက ကျနော့်အတွက် အဓိပ္ပာယ်တွေအများကြီးရှိတယ်။ ဂုဏ်ယူစရာလည်း ကောင်းတယ်။ ဘလွန်းဒီအောဆု ရမလားဆိုတာကတော့ ဆက်ပြီး စောင့်ကြည့်ရမှာပေါ့။ ရယူနိုင်ဖို့တော့ မျှော်လင့်တယ်။ ဒါပေမယ့် အရေးကြီးဆုံးကတော့ ဒီနေ့နိုင်ပွဲရလို့ ပျော်ရွှင်ကျေနပ်ရတာပါပဲ” လို့ ဘင်ဇီမာက ပြောပါတယ်။ 

ဘင်ဇီမာဟာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက နှစ်စဉ်ချီးမြှင့်တဲ့ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဆုကို ရယူဖူးခြင်းမရှိသေးသလို နောက်ဆုံး ၃ ဦးစာရင်းမှာလည်း မပါဝင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ 

7 months Ago
Up