ဘာကီနာဖှာဆိုနိုင်ငံမှာ သူ့ကိုယ်သူ စစ်ခေါင်းဆောင်လို့ ကြေညာထားတဲ့ ဗိုလ်ကြီး အီဘရာဟင်မ် ထရာအိုရေက စက်တင်ဘာ ၃၀ ရက်မှာ အာဏာသိမ်းပြီးတဲ့နောက်မှာ သမ္မတက ရာထူးကနေ နုတ်ထွက်သွားပါတယ်။
အကြမ်းဖက်မှုတွေကို ရှောင်ရှားဖို့ သမ္မတ ပေါလ်ဟင်နရီဒါမီဘာက ကမ်းလှမ်းထားတဲ့ အခြေအနေအတိုင်း နုတ်ထွက်ခဲ့တာလို့ ဘာသာရေးနဲ့ ရိုးရာခေါင်းဆောင်တွေက အောက်တိုဘာ ၂ ရက်မှာ ပြောလိုက်ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်တဲ့ သဘောတူညီချက်အရ ထရာအိုရေဟာ သမ္မတ ဒါဘီဘာနဲ့ သူ့ကို ကျောထောက်နောက်ခံပေးတဲ့ စစ်သားတွေရဲ့ လုံခြုံရေးနဲ့ ဇူလိုင် ၂၀၂၄ ခုနှစ်မှာ အခြေခံဥပဒေနဲ့အညီ ပြန်အုပ်ချုပ်မယ့် အနောက်အာဖရိကဒေသဆိုင်ရာ အစုအဖွဲ့ကို ကတိပြု ထားတဲ့ကတိတွေအပါအဝင် အချက်ခုနစ်ချက်ကို သဘောတူခဲ့တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သဘောထားမှတ်ချက်ပေးဖို့ သမ္မတ ဒါမီဘာကို ဆက်သွယ်လို့မရဘဲ အောက်တိုဘာ ၂ ရက်မှာ နိုင်ငံကနေ ထွက်သွားပြီလို့ နီးစပ်တဲ့ မိသားစုဝင်တစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ပြင်သစ်သံရုံးကို အကြမ်းဖက်ဆန္ဒပြမှုတွေနဲ့ အစိုးရကို ဖြုတ်ချဖို့ သူ့အဖွဲ့ခွဲတွေ လှုပ်ရှား နေတာကြောင့် ရက်အတန်ကြာ တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးတဲ့နောက် အမိန့်ပြန်ပေးထားတယ်လို့ ထရာအိုရီက အစောပိုင်းမှာ ပြောပါတယ်။
ကိုလိုနီအာဏာရှင်ဟောင်း ပြင်သစ်ရဲ့ ဩဇာလွှမ်းမိုးမှု လျော့နည်းလာတာနဲ့အမျှ ရုရှားရဲ့ ထောက်ခံမှုကို ရယူဖို့ စစ်သားအများအပြားက ကြိုးစားနေပုံရပြီး စစ်တပ်ထဲမှာလဲ အကွဲအပြဲတွေ ဖြစ်နေတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။