close

ဘာကီးနားဖှာဆို

close

January 21, 2023

ဘာကီးနားဖှာဆို နိုင်ငံတွင် ပြန်ပေးဆွဲခံရသည့် အမျိုးသမီးနှင့် ကလေး ၆၆ ဦး ပြန်လွတ်မြောက်

အနောက်အာဖရိကရှိ ဘာကီးနားဖှာဆိုနိုင်ငံမြောက်ပိုင်းမှာ လက်နက်ကိုင် အကြမ်းဖက်သမား တွေရဲ့ ပြန်ပေးဆွဲခံခဲ့ရတဲ့ အမျိုးသမီးတွေနဲ့ ကလေး ၆၆ ဦး ပြီးခဲ့တဲ့သီတင်းပတ်က ပြန်လွတ် မြောက်လာခဲ့ကြောင်း နိုင်ငံပိုင်ရေဒီယိုနဲ့ ရုပ်သံလွှင့်ဌာန (RTB) က ဇန်နဝါရီ ၂၀ ရက်မှာ ကြေညာပါတယ်။ 

ဆဟဲလ်ဒေသက ဆုံမ်ခရိုင်ရှိ အာဘင်ဒါနယ်မြေမှာ ဇန်နဝါရီ ၁၂ ရက်နဲ့ ဇန်နဝါရီ ၁၃ ရက်က အမျိုးသမီးတွေနဲ့ ကလေးတွေဟာ ရွာ ၂ ရွာအပြင်ဘက်မှာ အသီးအရွက်တွေရှာဖို့ ချုံပုတ်တွေကို ရှင်းလင်းနေတုန်း လက်နက်ကိုင် အမျိုးသားတွေက ဖမ်းခေါ်သွားတာဖြစ်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကယ်ဆယ်ရေးကို လုပ်ဆောင်ခဲ့ပြီး ခရိုင်ကပ်လျက်က ဗဟို-မြောက်ပိုင်းပြည်နယ်မှာ အရွယ်ရောက် အမျိုးသမီး ၂၇ ယောက်နဲ့ ကလေးငယ်တွေ၊ ကလေးတွေနဲ့ မိန်းကလေးငယ် ၃၉ ဦးတို့ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ 

ပြန်ပေးဆွဲသူတွေရဲ့ လက်ထဲမှာ ၈ ရက်လောက် ကြာပြီးနောက်မှာ သူတို့လွတ်လပ်မှု ရသွားပြီလို့ RTB အစီအစဉ်တင်ဆက်သူက ပြောကြားပါတယ်။ 

အစိုးရသတင်းရင်းမြစ်တစ်ခုက အဲဒီသတင်းကို အတည်ပြုခဲ့ပေမယ့် အသေးစိတ်အချက်အလက် တွေကိုတော့ ပြောကြားခြင်း မရှိပါဘူး။ 

ဘာကီးနားဖှာဆိုမှာ အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲမှုက မကြုံစဖူးဖြစ်ပြီး အိမ်နီးချင်း မာလီနိုင်ငံ ကနေ  ၂၀၁၅ ခုနှစ်မှာ ပျံ့နှံ့ခဲ့တဲ့ အကြမ်းဖက် အစ္စလာမ္မစ် သောင်းကျန်းမှုတွေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ 

20 hours Ago
Up