မန်ယူနိုက်တက်အသင်းဟာ ဘာစီလိုနာတိုက်စစ်မှူး မန်ဖစ်ဒီပေးကို ပေါင် ၈ သန်းလောက်နဲ့ ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။
ဟော်လန်တိုက်စစ်မှူးဟာ ၂၀၁၅ ခုနှစ်က ပေါင် ၃၁ သန်းနဲ့ မန်ယူအသင်းဆီပြောင်း ရွှေ့လာခဲ့ပေမဲ့ ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့လို့ ပြန်လည်ရောင်းထုတ်ခြင်းခံခဲ့ရသူပါ။
ဘာစီလိုနာကနေ ထွက်ခွါဖို့ပြင်ဆင်နေတဲ့ ဒီပေးဟာ မူလက ဂျူဗင်တပ်အသင်းဆီ ပြောင်းရွှေ့ဖို့နီးစပ်ခဲ့ပေမယ့် အဆင်မပြေ ဖြစ်ခဲ့တယ်လို့ စပိန်သတင်းစာတွေက ဖော်ပြပါတယ်။
လက်ရှိအချိန်မှာတော့ အသင်းဟောင်း မန်ယူက ဒီပေးကို ပေါင် ၈ သန်းနဲ့ ပြန်ခေါ်ယူဖို့ ကြိုးပမ်းနေပြီး မကြာခင်မှာ တိကျတဲ့အဖြေထွက်ပေါ်လာဖို့ရှိကြောင်း စပိန်သတင်းစာမာကာ ကဖော်ပြခဲ့ပါတယ်။
အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ဒီပေးဟာ ၂၀၁၅ ခုနှစ်နေ ၂၀၁၇ ခုနှစ်အထိ မန်ယူအသင်းမှာ ၅၃ ပွဲကစား၊ ၇ ဂိုးသွင်းယူခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ လိုင်ယွန်ကိုပြောင်းရွှေ့ခဲ့တာပါ။ အဲဒီကနေ ပြီးခဲ့တဲ့နှစ်က ဘာစီလိုနာဆီ ပြောင်းရွှေ့ကစားနေတာဖြစ်ပါတယ်။