close

ဘာဘာတော့ဗ်

close

March 10, 2022

အမှားအယွင်းများနေသည့် မက်ဂွိုင်းယားကို အနားပေးသင့်ကြောင်း ဘာဘာတော့ဗ်တိုက်တွန်း

မန်ယူအသင်းခံစစ်မှာ အမှားအယွင်းများပြီး ပုံံမှန်ခြေစွမ်းအောက်ရောက်နေတဲ့ မက်ဂွိုင်းယားကို အနားပေးသင့်ကြောင်း ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က တိုက်တွန်းပါတယ်။ 

အင်္ဂလန်နောက်ခံလူဟာ မန်စီးတီးကို ၄ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အမှားအယွင်းများခဲ့ပြီး ပရိသတ်တွေနဲ့ ဘောလုံးကျွမ်း ကျင်သူတွေရဲ့ ဝေဖန်မှုခံခဲ့ရပါတယ်။ 

မက်ဂွိုင်းယားက အခုထက်ပိုကောင်းအောင် ကစားနိုင်သူဖြစ်ပေမယ့် လက်ရှိအချိန်မှာ ဖိအားတွေ ရင်ဆိုင်နေရတာကြောင့် အနားပေးသင့်တယ်လို့ ဘာဘာတော့ဗ်က ပြောပါတယ်။ 

“ဟာရီမက်ဂွိုင်းယားအနေနဲ့ အခုထက်ပိုကောင်းအောင် ကစားနိုင်တယ်ဆိုတာ သူကိုယ်တိုင် သိပါတယ်။ သူ့ရဲ့အမှားတွေက အသင်းကို ဦးဆောင်သွားဖို့အတွက် ထိခိုက်မှုတွေရှိနေတယ်။ သူ့ အနေနဲ့ နေရာယူမှုတွေနဲ့ ဆုံးဖြတ်ချက်တွေမှာ မှန်ကန်ဖို့လိုအပ်နေတယ်။ ဒါကို နည်းပြ ရန်းနစ်ခ်က ဖြေရှင်းနိုင်ဖို့လိုပါတယ်။ သူ့ကို အနားပေးပြီး တခြားသူတဦးကို အခွင့်အရေးပေးတာမျိုး လုပ် ဆောင်ဖို့ လိုအပ်ပါတယ်။” 

မန်ချက်စတာဒါဘီပွဲစဉ်မှာ ယူနိုက်တက်ရဲ့ခြေစွမ်းက လက်ခံနိုင်စရာမရှိကြောင်း၊  ရလဒ်နဲ့ ပတ်သက်ပြီး ဒေါသထွက်ရသလို စိတ်ဝမ်းနည်းမှုလည်းဖြစ်ခဲ့ရကြောင့် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က ပြောသွားပါတယ်။

5 mins Ago

January 16, 2021

လီဗာပူး-ယူနိုက်တက်ပွဲအပါအဝင် ယခုသီတင်းပတ် ပွဲစဉ်များအပေါ် ဘာဘာတော့ဗ်ရဲ့ ခန့်မှန်းချက်

အခုသီတင်းပတ်ကုန်ပိုင်းမှာ လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦဆောင်နေတဲ့ အသင်း ၂ သင်းဖြစ်တဲ့ လီဗာပူးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားဖို့ရှိနေပါတယ်။  ဒီပွဲအပြင် မန်စီတီးအသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ပွဲလည်း ရှိနေပါတယ်။ ဒီပွဲတွေနဲ့ပတ်သက်ပြီး မန်ယူနိုက်တက် ကစားသမားဟောင်း ဒီမီထရီ ဘာဘာတော့ဗ်က အခုလို ခန့်မှန်းပေးထားပါတယ်။ ဝုဗ် -  ဝက်စ်ဘရွန်း ဝက်စ်ဘရွန်းအသင်းမှာ ဆမ်အလာဒိုက်အတွက် လွယ်ကူစေမယ့် အရာမျိုး မတွေ့ရသေးပါဘူး။ အရင်လိုမျိုး အမြင့်ဘောကစား၊ ဧရိယာထဲမှာ ဘောလုံးပေး၊ ခေါင်းတိုက်ဂိုးသွင်းတဲ့ ပုံစံမျိုးက ခေတ်မမီတော့ပါဘူး။ ဒါ့ကြောင့် ဒီနေ့အချိန်မှာ ဘောလုံးကိုပိုပြီး ပါးပါးနပ်နပ်ကစားဖို့ လိုအပ်ပါတယ်။ ဝက်စ်ဘရွန်းအသင်းဟာ သူတို့ရှိသင့်တဲ့နေရာမှာ ရှိမနေသေးတာကြောင့် ဒီပွဲမှာလည်း သူတို့အတွက် ခက်ခဲမယ်လို့ ထင်ပါတယ်။ ဝုဗ်အသင်းကပဲ ရလဒ်ကောင်းသွားပါလိမ့်မယ်။  (ခန့်မှန်း ၂ - ဝ) ဝက်စ်ဟမ်း - ဘန်လေ ဒီပွဲကတော့ ဝက်စ်ဟမ်းအတွက် အနိုင်ရလဒ်လို့ပဲ ထင်ပါတယ်။ ဘန်လေဟာ ဒီရာသီအတွင်း ခြေစွမ်းကောင်းမွန်မှုတစ်ချိုု့ရှိခဲ့ပြီး ရလဒ်ကောင်းတွေ ရယူထားနိုင်ပေမယ့် ဒီပွဲမှာတော့ ဝက်စ်ဟမ်းကပဲ အနိုင်ယူသွားပါလိမ့်မယ်။ (ခန့်မှန်းချက် ၂ - ၁) လိဒ် - ဘရိုက်တန် လိဒ်အနေနဲ့ ပြီးခဲ့တဲ့ပွဲတွေမှာ ရလဒ်တွေ ဆိုးရွားနေတာကို ပြန်လည်ချေဖြတ်ပြရမယ့်ပွဲပါ။ သူတို့ဟာ ရလဒ်တွေ ဆိုးရွားနေပေမယ့် အမှတ်ပေးဇယားမှာ ကြီးကြီးမားမား ပြောင်းလဲသွားတာမျိုး မရှိတာကြောင့် ဘီယက်ဆာဟာ ဒီပွဲအတွက် သူ့အသင်းကို ဖိအားပေးပြင်ဆင်လာဖိုရှိနေပါတယ်။ လိဒ်ကပဲ အနိုင်ရသွားပါလိမ့်မယ်။ (ခန့်မှန်းချက် ၃ - ၁) ဖူလ်ဟမ် - ချဲလ်ဆီး ချဲလ်ဆီးမှာ ဘာတွေဖြစ်နေတာလဲလို့ အရင်မေးရပါမယ်။ ဒီပွဲသာ ထပ်ပြီးရလဒ်မကောင်းရင် လမ်းပတ်ဟာ ပိုကြီးတဲ့ ဖိအားတွေအောက် ရောက်သွားပါလိမ့်မယ်။ သူတို့ကစားသမားသစ်တွေ အများကြီးခေါ်ထားပေမယ့် အခုချိန်ထိ အားလုံးမျှော်လင့်တဲ့ စွမ်းဆောင်ရည်မှာ မရှိသေးပါဘူး။ ဒါ့အပြင် ရလဒ်တွေပါ ဆိုးရွားနေတာက သူတို့အတွက် ပြဿနာပါ။ ဒါ့ကြောင့် ဒီအခြေအနေကို မဖြစ်မနေ ချိုးဖျက်ပစ်ရပါမယ်။ ဒါဟာ ဖူလ်ဟမ်အသင်းအတွက် အခွင့်အလမ်းလည်း ဖြစ်လာနိုင်ပါတယ်။ ရလဒ်အနေနဲ့ကတော့ ချဲလ်ဆီးက ကပ်ပြီးအနိုင်ရသွားလိမ့်မယ်ထင်ပါတယ်။  (ခန့်မှန်းချက်  ၁ - ဝ) လက်စတာ - ဆောက်သမ်တန် ဒီရာသီခြေစွမ်းပြနေတဲ့ အသင်း ၂ သင်းဖြစ်တာကြောင့် သေချာပေါက်ပွဲကောင်းတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။ ၂ သင်းစလုံး အပြိုင်အဆိုင် ဂိုးတွေသွင်းပြီး အမှတ်ခွဲယူကြမယ့် ပုံစံမျိုးပါ။ (ခန့်မှန်းချက် ၂ -၂) ရှက်ဖီးလ် - စပါး ရှက်ဖီးလ်အသင်းရဲ့နိုင်ပွဲကို အားလုံးက မြင်တွေ့ချင်နေလှပါပြီ။ သူတို့ဟာ ဒီရာသီမှာ တော်တော်လေး ရုန်းကန်နေပါတယ်။ ဒါပေမဲ့ ဒီပွဲကိုနိုင်မယ်ဆိုရင် သူတို့ရဲ့ဖိအားတွေ တော်တော်လေးလျော့သွားဖို့ ရှိနေပါတယ်။ ဒါပေမယ့် မော်ရင်ဟိုရဲ့အသင်းကတော့ ရှက်ဖီးလ်ကိုရှုံးမှာ မဟုတ်ပါဘူး။ သူတို့ဟာ ဒီရာသီအတွင်း ပရိသတ်တွေကို အံ့သြသင့်သွားအောင် ထပ်မံပြုလုပ်နိုင်တဲ့ အစွမ်းရှိနေဆဲဖြစ်ပါတယ်။ စပါးအသင်း နိုင်ပါလိမ့်မယ်။ (ခန့်မှန်းချက် ၀ - ၂) လီဗာပူး - မန်ချက်စတာယူနိုက်တက် ယူနိုက်တက်အသင်းအနေနဲ့ ဒီပွဲကိုအနိုင်ယူပြီး ဒီထက်ပိုကောင်းတဲ့ အနေအထားတခုဆီကို သွားစေချင်ပါတယ်။ ဒီပွဲကိုနိုင်ရင် လီဗာပူးကို ၆ မှတ်အထိ ဖြတ်ထားနိုင်မှာပါ။ ဒီပွဲဟာ ၂ သင်းစလုံးအတွက် ခက်ခဲလာနိုင်ပြီး စိတ်လှုပ်ရှားစရာတွေလည်း အများကြီးမြင်ရနိုင်ပါတယ်။ ဒါဟာ နည်းပြ ၂ ယောက်ရဲ့ နည်းစနစ်ပိုင်းပြိုင်ဆိုင်မှု ဖြစ်လာနိုင်ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ ယူနိုက်တက်အသင်း အနိုင်ရတာကိုမြင်ချင်တဲ့အတွက် ယူနိုက်တက်ကပဲ အနိုင်ရသွားလိမ့်မယ်လို့ ခန့်မှန်းပါတယ်။ (ခန့်မှန်းရလဒ် ၁ -၂) မန်စီတီး - ခရစ္စတယ်ပဲလေ့စ် မန်စီတီးအသင်းဟာ ချန်ပီယံဆုအတွက်ပြိုင်ပွဲထဲမှာ ရှိနေဆဲပါ။ သူတို့ကို ဖယ်ထုတ်လို့ မရသေးပါဘူး။ သူတို့မှာ ပွဲကျန် ၂ ပွဲ ရှိနေသေးသလို ခရစ္စတယ်ပဲလေ့စ်အနေနဲ့ကလည်း တခြားအသင်းတွေလို မန်စီတီးကို တုံ့ပြန်သွားဖို့ မလွယ်ပါဘူး။ ဂွါဒီယိုလာက သူတို့ချန်ပီယံဆုပြိုင်ပွဲထဲမှာ ရှိနေသေးကို သိတဲ့အတွက် ဒါကို လက်လျှော့သွားမယ်လို့ မထင်ပါဘူး။ မန်စီတီးဘက်ကပဲ ဂိုးပြတ်နိုင်သွားပါလိမ့်မယ်။ (ခန့်မှန်းချက် ၃ - ဝ) အာဆင်နယ် - နယူးကာဆယ် အာဆင်နယ်အသင်းအနေနဲ့ ရလဒ်ဆိုးတွေကနေ ရုန်းထွက်ပြီး ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ ပိုကောင်းတဲ့အသင်းဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် လိဂ်ဖလားပြိုင်ပွဲ နယူးကာဆယ်နဲ့ တွေ့စဉ်က အချိန်ပိုအထိ ရောက်သွားခဲ့ပေမယ့် ဒီတစ်ခေါက်မှာတော့ မိနစ် ၉၀ အတွင်းမှာ ပိုကောင်းတဲ့ ရလဒ်ကို ရအောင်စွမ်းဆောင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ သူတို့အတွက် အမှားခံလို့ မရတော့တဲ့အနေအထားမှာ ၂ ဂိုးပြတ်လောက်နဲ့ အနိုင်ရရှိမယ်လို့ ထင်ပါတယ်။ (ခန့်မှန်းချက် ၂ - ဝ)
1 year Ago
Up