close

ဘာလင်ဂမ်

close

September 8, 2021

အင်္ဂလန်ကွင်းလယ်လူ ဘာလင်ဂမ်ကို ခေါ်ယူရန် မန်ယူနှင့်အပြိုင် လီဗာပူး ကြိုးပမ်းမည်

လီဗာပူးအသင်းဟာ အင်္ဂလန်ကွင်းလယ်လူ ဘာလင်ဂမ်ကို မန်ယူအသင်းနဲ့အပြိုင်ခေါ်ယူဖို့ ကြိုးပမ်းတော့မယ်လို့ သိရပါတယ်။

အသက် ၁၈ နှစ်သာရှိသေးတဲ့ ဒေါ့မွန်ကွင်းလယ်လူ ဘာလင်ဂမ်ဟာ အင်္ဂလန် လက်ရွေးစင်အသင်းမှာ ခြေစွမ်းပြနေပြီး ထိပ်တန်းကလပ်တွေရဲ့ ပစ်မှတ်ကစားသမား ဖြစ်လာခဲ့တာပါ။

လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ကိုယ်တိုင်ကလည်း ဘောလုံးထိန်းချုပ်မှုကောင်းမွန်တဲ့ ဘာလင်ဂမ်ရဲ့ ခြေစွမ်းကို သဘောကျနေပြီး စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် သန်း ၈ဝ အထိအသုံးပြုနိုင်တယ်လို့ ဒေးလီးစတားသတင်းက ဖော်ပြပါတယ်။

ဒေါ့မွန်အသင်းဟာ ဘာလင်ဂမ်ကို ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်ကနေ ပေါင် ၂၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းအတွက်အားကိုးရတဲ့ ကစားသမားဖြစ်လာခဲ့တာပါ။

ဘာလင်ဂမ်ကို မန်ယူအသင်းကလည်း စိတ်ဝင်စားနေပြီး လီဗာပူးအသင်းအနေနဲ့  လာမယ့်အပြောင်းအရွှေ့ကာလတွေမှာ အပြိုင်ကြိုးပမ်းသွားရဖို့ရှိတယ်လို့ သိရပါတယ်။

3 months Ago
Up