close

ဘာလင်ရုပ်ရှင်ပွဲတော်

close

February 17, 2022

မြန်မာ့နွေဦးတော်လှန်ရေးအကြောင်း မှတ်တမ်းရုပ်ရှင် ဘာလင်ရုပ်ရှင်ပွဲတော်တွင် ဆုရရှိ

စစ်အာဏာသိမ်းပြီးနောက် မြန်မာ့နွေဦးတော်လှန်ရေး အခြေအနေ၊ အဖြစ်အပျက်တွေကို ပုံဖော်ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင် “Myanmar Diaries” ဟာ ဂျာမနီနိုင်ငံ ဘာလင်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဆုရရှိသွားခဲ့ပါတယ်။

ရုပ်ရှင်အကြောင်းအညွှန်းမှာတော့ ဒီမှတ်တမ်းရုပ်ရှင် “Myanmar Diaries” ဟာ ၁၀ နှစ် လောက်သာ ရရှိခဲ့တဲ့ မြန်မာနိုင်ငံ လွတ်လပ်မှုအတွက် “နွေဦးအိပ်မက်” ကို တုံ့ပြန်ပုံဖော်ထားတဲ့ ဇာတ်ကားဖြစ်ပြီး ဒါဟာ မျိုးဆက်သစ်လူငယ်တွေရဲ့ စိတ်အားထက်သန်မှုနဲ့ မျှော်လင့်ချက်တွေကို ရက်ရက်စက်စက် ဖြိုခွင်းခဲ့တဲ့အကြောင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်ကားကိုတော့ လုံခြုံရေးအခြေအနေအရ အမည်မဖော်လိုတဲ့ မြန်မာလူငယ်ရုပ်သံရိုက်ကူးသူတွေက စုပေါင်းဖန်တီးရိုက်ကူးထားတာဖြစ်ပြီး ဆုကြေးအနေနဲ့ ယူရိုငွေ ၄ သောင်းရရှိမှာ ဖြစ်ပါတယ်။

ဘာလင်ရုပ်ရှင်ပွဲတော်ရဲ့ ဝက်ဘ်ဆိုက်မှာတော့ ဒီမှတ်တမ်းရုပ်ရှင်ကို The Myanmar Film Collective က ရိုက်ကူးပြီး နယ်သာလန်နိုင်ငံ ZIN Documentaire က ထုတ်လုပ်သူအဖြစ် ဖော်ပြထားကာ တကမ္ဘာလုံးမှာ ပြသခွင့်မူပိုင်ခွင့်အနေနဲ့ ဩစတီးယားနိုင်ငံ Autlook Filmsales လို့ ဖော်ပြထားပါတယ်။

Photo Credit- berlinale

11 mins Ago
Up