close

ဘာသာရေးနှင့်စာသင်ကျောင်းများပိတ်

close

July 8, 2021

ကိုဗစ်ကြောင့် ကေအိုင်အိုနယ်မြေရှိ ဘာသာရေးနှင့်စာသင်ကျောင်းများပိတ်

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်ရာ ဒေသတွင်း ကိုဗစ်အတည်ပြုလူနာ တွေ့ရှိလာလို့  မိုင်ဂျာယာန်မြို့တွင်းရှိ စာသင်ကျောင်းတွေနဲ့ ဘာသာရေးကျောင်းတွေကို တစ်ပတ်ပိတ်ဖို့ ညွှန်ကြားလိုက်တယ်လို့ ကေအိုင်အိုဗဟို ကိုဗစ်ထိန်းချုပ်ရေးကော်မတီက ဒီနေ့ ထုတ်ပြန်ပါတယ်။

လတ်တလော မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ တတိယလိုင်းနဲ့အတူ ပိုးတွေ့အတည်ပြုလူနာ‌များလာပြီး ရောဂါဆိုးရွားလာတာကြောင့် လူထူထပ်သော လိုင်ဇာနဲ့ မိုင်ဂျာယာန်မြို့အတွက် စိုးရိမ်ရကြောင်း၊ ဒါ့အပြင် မိမိတို့ထိန်းချုပ်ရာနယ်မြေအတွင်းလည်း ကိုဗစ်ပိုးတွေ့ လူနာရှိလာတယ်လို့ ဆိုပါတယ်။

ကိုဗစ်ရောဂါထိန်းချုပ်နိုင်ဖို့ မိုင်ဂျာယာန်မြို့တွင်းရှိ စာသင်ကျောင်းတွေနဲ့ ဘာသာရေးကျောင်းတွေကို ဇူလိုင် ၈ ရက်မှ ၁၄ ရက်အထိ တစ်ပတ်တိတိ ရပ်နားထားမယ်လို့ ကိုဗစ်ထိန်းချုပ်ရေးကော်မတီက ဒီနေ့ ထုတ်ပြန်လိုက်တာပါ။

ကေအိုင်အိုထိန်းချုပ်ရာဒေသတွင်းရှိ ၀င်ပေါက်တွေကို တင်းကျပ်စစ်ဆေးကာ ထိန်းချုပ်သွားမှာဖြစ်သလို လူစုလူဝေးဖြစ်စေတဲ့ နေရာတွေကိုလည်း ပိတ်ထားဖို့ ထုတ်ပြန်ထားပါတယ်။

အေအိုင်အို ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီကို ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

12 hours Ago
Up