close

ဘာသာရေးအဆောက်အအုံ

close

February 4, 2022

ဝတ်ပြုဆုတောင်းသူ ကင်းမဲ့သွားသည့် ဘာသာရေးအဆောက်အအုံများ

တိုက်ပွဲတွေကြောင့် ဝတ်ပြုဆုတောင်းသူတွေ ကင်းမဲ့သွားတဲ့ ရှမ်း-ကယားနယ်စပ်က ဘာသာရေးဆိုင်ရာ အဆောက်အအုံများမြင်ကွင်း။ (ဖေဖော်ဝါရီ ၄ ရက်)

46 seconds Ago

July 30, 2020

မက္ကာရှိ မွတ်ဆလင်ဘာသာရေးအဆောက်အအုံကို ဟာ့ဂျ်ဘုရားဖူးဝတ်ပြုပွဲအတွက် ပြင်ဆင်

မွတ်စလင်ကမ္ဘာမှာ အကြီးမြတ်ဆုံးဖြစ်တဲ့ ခါဘာအဆောက်အအုံကို ဇူလိုင်  ၂၉ ရက်က စပြီး ကစ္စဝါလို့ခေါ်တဲ့  အဆင်တန်ဆာသစ်တခု တပ်ဆင်နေပါတယ်။ ပုံမှန်အားဖြင့် ဒီအဆင်တန်ဆာရဲ့အပေါ်ဖုံးအနက်ရောင်နဲ့အတွင်းသား အစိမ်းရောင်တို့ကို ပိုးသား ၆၇၅ ကီလိုဂရမ်နဲ့ ဆင်ယင်ပြုလုပ်ထားပြီး အမေရိကန်ဒေါ်လာ ၆ ဒသမ ၄သန်း တန်ဖိုး ရှိပါတယ်။ အဲဒီအဝတ်စပေါ်မှာ မြင့်မြတ်တဲ့ ကိုရမ်ကျမ်းစာကို ရွှေချည်ငွေချည်တွေနဲ့ ပုံဖော်ထိုးချုပ် ထားပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံရဲ့ဘာသာရေးမြို့ မက္ကာမှာ နှစ်စဉ် ကျင်းပနေကျ ဟာ့ဂျ်ဘုရားဖူးရာသီ အစမှာ ခုလို ပြင်ဆင်နေတာပါ။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ကပ်ဘေးအတွင်း ဘုရားဖူးအရေအတွက်ကို သိသိသာသာ လျှော့ချထားတဲ့အပြင် ကန့်သတ်ချက်တွေကိုလည်း တင်းကြပ်ထားပါတယ်။ မွတ်စလင်ဘုရားဖူးတွေဟာ ဟာ့ဂျ်ဘုရားဖူးဝတ်ပြုပွဲကို ဇူလိုင် ၂၉ ရက်မှာ စတင်ပြီး ဒီနှစ်ကတော့ ကမ္ဘာတဝန်း မွတ်စလင်တွေ ပထမဆုံးအကြိမ်အဖြစ် ဘုရားဖူး မလာနိုင်တဲ့ နှစ်လည်း ဖြစ်လာပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေး ထိန်းချုပ်ရေးအတွက် ဆော်ဒီအာရေဗျနိုင်ငံထဲက နိုင်ငံခြားသား ၇၀ ရာခိုင်နှုန်းနဲ့ ကျန်းမာရေးလုံခြုံရေးလုပ်သားတွေ ၃၀ ရာခိုင်နှုန်းပါတဲ့ လူစုစုပေါင်း အယောက် ၁၀၀၀ ကိုသာ ဝတ်ပြုခွင့်ပေးထားပါတယ်။ ပုံမှန်အားဖြင့် မွတ်စလင်ကမ္ဘာရဲ့အမွန်မြတ်ဆုံးနေရာတွေဖြစ်တဲ့ မက္ကာနဲ့ မဒီနာမြို့တွေကို သီတင်းပတ်တပတ်ကြာတဲ့ ဝတ်ပြုခရီးစဉ်အတွင်း ကမ္ဘာအနှံ့က မွတ်စလင် ၂ သန်းခွဲ နှစ်စဉ် လာရောက်လေ့ ရှိပါတယ်။ ငွေကြေး တတ်နိုင်ပြီး ကျန်းမာတဲ့ မွတ်စလင်တွေအဖို့ အနည်းဆုံးအနေနဲ့ တသက်မှာ တခါတော့ ဟာ့ဂျ် ဝတ်ပြုပွဲကို တက်လေ့ရှိလို့ အင်မတန် လူစည်ကားလေ့ ရှိပါတယ်။
2 years Ago
Up