close

ဘားတခု

close

November 11, 2022

မက္ကဆီကို ဘားတခုတွင် ပစ်ခတ်မှုဖြစ်ပြီး လူ ၉ ဦးသေဆုံး

မက္ကဆီကိုနိုင်ငံအလယ်ပိုင်း ဂွါနာဟွာတိုပြည်နယ်ရှိ ဘားတခုမှာ ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့ပြီး လူ ၉ ‌ယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက နိုဝင်ဘာ ၁၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဆေလာယာမြို့အပြင်ဘက်ရှိ အာပါဆေးယို အယ်လာတိုမြို့မှာ နိုဝင်ဘာ ၉ ရက် ည ၉ နာရီလောက်က လက်နက်ကိုင်အဖွဲ့တဖွဲ့ ရောက်ရှိလာပြီး ဘားဆိုင်ထဲမှာရှိနေသူတွေကို ပစ်ခတ်ခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

အခင်းဖြစ်ပွားရာ နေရာအနီးရှိ ပြည်သူ့ဆေးရုံမှာ အလုပ်လုပ်နေတဲ့ ဒေသခံ ပက်ဒရို လိုပက်ဇ်က သေနတ်သံ ၃ ချက်ဆက်တိုက် ကြားခဲ့ရကြောင်း ပြောပြပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၄ ယောက် သေဆုံးပြီး အမျိုးသမီး ၂ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း မြို့မိမြို့ဖတွေက ပြောပါတယ်။ ဒဏ်ရာရတဲ့ အမျိုးသမီးတွေဟာ တည်ငြိမ်တဲ့အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်သူကို ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ပြည်နယ်ဌာနတွေနဲ့ ဖက်ဒရယ် အာဏာပိုင်တွေအပြင် အမျိုးသားအစောင့်တပ်တို့ကို အဲဒီနေရာဆီ ရွှေ့ပြောင်းပေးမယ်လို့လည်း ဆိုပါတယ်။

အာပါဆေးယို အယ်လာတိုမြို့ရဲ့ မြို့တော်ဝန် မွန်ဇာရတ် မန်ဒိုဇာက ဒေသတွင်း အကြမ်းဖက်မှုကို နှိမ်နင်းဖို့အတွက် ကြိုးပမ်းအားထုတ်မှု နှစ်ဆတိုးဖို့လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

3 mins Ago
Up